Part - 17

431 39 65
                                    

ဝမ်ရိပေါ်၏ နာနာကျင်ကျင် အော်သံကြားတော့ ရှောင်းကျန့်ကော မုယွီပါ အထိတ်တလန့် ပြေးလာကြသည်..။

ဝမ်ရိပေါ်က အိပ်ယာပေါ်မှာ အော်ဟစ်ရင်း လူးလှိမ့်နေသည်..။ အိပ်ယာခင်းတွေက တွန့်လို့ကြေလို့..။ စောင်က တခြား လူကတခြား..။

"အစ်ကိုကြီး!! အရမ်းကိုက်နေတာလား!! ကျွန်တော် စိတ်စွမ်းအင်နဲ့ ကုပေးမယ်!!"

ဝမ်ရိပေါ် လူးလှိမ့်နေတာ ချက်ချင်းရပ်သွားသည်..။

"အား.. သက်သာသွားပါပြီ.. ခုနတုန်းက အရမ်းကိုက်နေတာ"

သူက စောင်ကို မေးစေ့ထိ ဆွဲခြုံလိုက်ရင်း နဖူးပေါ် ရေပတ်ပြန်တင်ထားလိုက်သည်..။

"ကျန့်ကျန့် ကိုယ့်မျက်နှာတွေ ပူလာပြန်ပြီ"

"တကယ် သက်သာရဲ့လား"

"အင်း.. ကျန့်ကျန့်လက်ကလေးနဲ့ အုပ်ပေးပါဦး.. ခုနက ခေါင်းကိုက်တာ ချွေးထွက်ချင်လို့ ထင်တယ်.. ခုတောင် ချွေးနည်းနည်း ပြန်လာသလိုပဲ.. ဟုတ်လားလို့ ကြည့်ပေးပါဦး"

ရိပေါ် နောက်ထပ် ခေါင်းကိုက်လာမှာစိုးလို့ ရှောင်းကျန့် ကုတင်ပေါ် အမြန်တက်ပြီး မျက်နှာကို လက်ဖဝါးလေးနှစ်ဖက်နှင့် ညှပ်ထားပေးသည်..။ သူ့အမူအယာက ညင်ညင်သာသာ..။

မုယွီကလည်း အနားလျှောက်လာသည်..။

"မစိုးရိမ်ပါနဲ့ မုယွီ.. အစ်ကိုကြီး နေကောင်းပါတယ်"

"အစ်ကိုကြီး... တောက်... ကျွန်တော်သာ ဆေးကျမ်းတွေ လေ့လာခဲ့ရင် ခုလို ဘာမှမတတ်နိုင်ပဲ လက်ပိုက်ကြည့်နေရမှာ မဟုတ်ဘူး"

"ဒါ ညီလေး အပြစ်မဟုတ်ပါဘူး.. ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့.. အစ်ကိုကြီး နေကောင်းနေပါပြီ.. ဒါနဲ့ ဆောင်းဆိုရင် နေဝင်တာစောတယ်.. ဒီနေ့ နှင်းတွေကလည်း သည်းလိုက်တာ.. မမှောင်ခင် ညီလေး အမြန်ပြန်တာကောင်းမယ်.. မှောင်သွားရင် တောင်ပေါ်လမ်းတွေက သွားလို့မကောင်းတော့ဘူး"

ဝမ်ရိပေါ်၏ တဖက်လှည့်နှင့် နှင်ထုတ်ခြင်းက အောင်မြင်သွားသည်..။

"ဟုတ်ကဲ့ပါ အစ်ကိုကြီး.. ကျန်းမာရေး ဂရုစိုက်နော်!!"

"မစိုးရိမ်ပါနဲ့.. အပေါ်ယံ ဖျားတာလောက်ပါပဲ...အနားယူရတာပေါ့လို့ပဲ မှတ်လိုက်ပါတယ်"

မြေ‌ခွေးမိစ္ဆာလေးရဲ့ ပုံပြင်Where stories live. Discover now