ရေနွေးသောက်ပြီး မကြာ..။ ရှောင်းကျန့် စိတ်ထဲ မရိုးမရွ ဖြစ်လာသည်..။ ချွေးတွေ ထွက်လာလို့ အပေါ်ကြယ်သီးတလုံးဖြုတ်ပြီး ယပ်ခတ်ကြည့်သည်..။ မသက်သာ..။ ခဏကြာတော့ သူ့ခြေထောက်တွေပေါ်ကို ပိုးကောင်လေးတွေ တရွရွတက်လာသလိုပဲ..။ သူ့အောက်ပိုင်းကလည်း တမျိုးကြီး..။ အဲ့နေရာက တင်းလာသလိုပဲ..။ တင်းနေတာတွေ လျော့သွားအောင် လက်နဲ့ လုပ်ကြည့်ရမလား..။ သူ့ အတွေးတွေပါ ဝေဝါးလာပြီး ခေါင်းတွေမူးလာသည်..။ ပြတင်းပေါက်ဖွင့်ပြီး လေကောင်းလေသန့်ရှူရမယ်..။
ဆေးအစွမ်းပြလာပြီပဲ..။ အဟင်း..။ ချွေ့ယင်းက ထရန်ပြင်နေသော ရှောင်းကျန့်ကို ပခုံးမှ ဖိချပြီး ပြန်ထိုင်ခိုင်းသည်..။ ထို့နောက် အပေါ်အင်္ကျီကို ချွတ်လိုက်တော့ ဖြူဝင်းသော ရင်ဘတ်ပေါ်လာသည်..။ သူမက ရှောင်းကျန့်ကို လက်မှ ဆွဲခေါ်ပြီး အိပ်ယာဆီ ခေါ်သွားသည်..။
ရှောင်းကျန့်က အသိစိတ်မကပ်တော့..။ သူ့ရှေ့မှလူကို ဝမ်ရိပေါ်ဟု ထင်နေမိသည်..။ ထို့ကြောင့် တကောက်ကောက် လိုက်သွားသည်..။
ချွေ့ယင်းက သူ့ဘောင်းဘီကိုပါ ချွတ်ဖို့လုပ်သည်..။
"ဝုန်း"
တံခါးက ဝုန်းကနဲ ပွင့်သွားသည်..။
ဝမ်ရိပေါ် ဝင်လာတော့ ရှောင်းကျန့်နှင့် ချွေ့ယင်းက အိပ်ရာပေါ်မှာ..။ အဝတ်အစားတွေ ဖရိုဖရဲနှင့်..။ တယောက်နှင့်တယောက်က ဆွဲလားလွဲလား..။
ဝမ်ရိပေါ် ဆွံ့အ,သွားပြီး မျက်နှာက ပို၍ မည်းမှောင်လာသည်..။ သူ့လက်ထဲမှာ စိတ်စွမ်းအင် ဓားတချောင်း ရောက်လာပြီ ဓား၏ အရှိန်အဝါကြောင့် ကြမ်းပြင်တွေ ကွဲအက်သွား၏..။ သူက အက်ကွဲကြောင်းအတိုင်း တလှမ်းချင်း လျှောက်လာသည်..။
သူ၏ တည်တင်းနေသော မျက်နှာကိုကြည့်ပြီး ချွေ့ယင်းက ရှောင်းကျန့်၏ ရန်သူ ရောက်လာတာဟု ထင်လိုက်မိသည်..။ သေကုန်ကြတော့မှာပဲ..။ ဒီနေ့တော့ ကံမကောင်းဘူး..။ သူမက ရင်ဘတ်လေးကို ဖိပြီး ရှောင်းကျန့်က မတရား လုပ်တာပါဟု အော်သည်..။
"ကျွန်မကို မသတ်ပါနဲ့!! မသတ်ပါနဲ့ရှင်!! ကျွန်မ ဘာမှမသိပါဘူးရှင်"
YOU ARE READING
မြေခွေးမိစ္ဆာလေးရဲ့ ပုံပြင်
Fanfictionနေသာတဲ့ တနေ့မှာ ကျင့်ကြံသူ ဝမ်ရိပေါ်ဟာ မြေခွေးလေးတကောင် ကောက်ရသတဲ့..