Part - 39

413 52 55
                                    

ဝမ်ရိပေါ်မှာ အိပ်ရာပေါ်တွင် ကြက်သေသေလျက်..။ မြစိမ်းရောင် ကျောက်စိမ်းအပိုင်းအစများနှင့် ပတ္တမြားရောင် သွေးစက်တွေက စောင်ပေါ်မှာ ပြန့်ကျဲနေကြသည်..။ အဆိပ်ပြင်းတဲ့ မြွေတကောင်လို..။

သူက တဦးထဲသောသားမို့ ကမ်းကုန်အောင် အလိုလိုက်ခံရသည်..။ သူ့အိမ် ပြိုလဲသွားပြီး သူများအိမ်မှာ နေရတာတောင် တခါမှ မျက်နှာ မငယ်ခဲ့ရ..။ မွေးစားဖေဖေ ဝူကော်က သူ့ကို သမီးအရင်းထက်တောင် ပိုချစ်သေးသည်..။ တခါတလေ အပျင်းထူလို့ အိမ်စာမလုပ်ဖြစ်ရင်တောင် အပြစ်မပေးခံရ..။ အပြစ်ပေးရမယ့် အစား အရမ်းပင်ပန်းနေလို့လားဆိုပြီး ခွင့်ရက်တောင် ပေးလိုက်သေးသည်..။ သူ့အတန်းထဲမှ ကျောင်းသားအားလုံးကလည်း သူ့ကို စံပြပုဂ္ဂိုလ်အဖြစ်သတ်မှတ်ပြီး ကပ်ဖားကြသည်..။ လက်ဆောင်တွေ ပေးကြသည်..။ ရှိန်ကြသည်..။ ဘယ်သူမှ.. မြင့်မြတ်တဲ့ ဂုဏ်သရေရှိ လူတွေကစလို့ တောရွာဇနပုဒ်က အဘွားအိုအထိ သူ့ကို မျက်နှာသာ မပေးသူ မရှိ..။

ရှောင်းကျန့်က သူ့ကို တကယ် ပါးရိုက်သွားတာပဲ..။

သူ့ပါးပြင်ကို ပွတ်သပ်ကြည့်မိသည်..။ ရှောင်းကျန့်သူ့ကို အရင်က တခါမှ လက်မပါဖူး..။ အခုတော့ သူ့ပါးမှာ လက်ဝါးရာတောင် ထင်ကျန်ခဲ့သလိုပဲ..။

ဘာဖြစ်သွားတာလဲ..။ ညစာစားတုန်းက ရှောင်းကျန့် အဲ့လက်ကောက်လေးကို ကြည့်နေတာ သူတွေ့ပါတယ်..။ ရှောင်းကျန့် သဘောကျတယ်ထင်လို့ သူ့မှာ ထမင်းတောင် မစားနိုင်ပဲ လက်ကောက်ရဲ့ အရောင်၊ အဆင်၊ ပုံစံ၊ အရွယ်အစား၊ ကျောက်အမျိုးအစား နဲ့ အရောက်တောက်ပပုံတွေကို သေချာ မှတ်ထားရတာ..။ ပြီးတာနဲ့ တောင်အောက်ပြေးပြီး တပုံစံထဲတူတဲ့ လက်ကောက်ကို အချိန်အကြာကြီး ရှာရသေးတယ်..။ ရှောင်းကျန့် အံ့ဩဝမ်းသာသွားအောင်လို့ဆိုပြီး..။ ဘာလို့ ဒီလောက်တောင် ဒေါသထွက်သွားရတာလဲ..။ ပါးကိုတောင်ရိုက်တယ်..။ တကယ်ပဲ ဒီလိုနဲ့ လမ်းခွဲကြရတော့မှာလား..။ ဒါပေမယ့် သူ့မှာ ဘာလို့ ဒေါသထွက်သွားမှန်းကို မသိတာ..။ ပြောတာတော့ သူ့ကို လှောင်ပြောင်စရာ မလိုဘူးတဲ့..။ ဘာတွေ ဘယ်လို တွေးလိုက်တာပါလိမ့်..။ ဟင်း...ခက်လိုက်တာနော်..။ ဒဏ်ရာကြီးနဲ့ ဘယ်ထွက်သွားမှန်းလည်း မသိဘူး..။ မြေခွေးလေး တကယ်ထွက်သွားမှာ ဝမ်ရိပေါ် စိုးရိမ်သွားသည်..။ သူ ကျောက်စိမ်းလက်စွပ်ကို အာရုံခံကြည့်တော့ စာကြည့်တိုက်ထဲမှာ..။ တော်သေးတယ်.. အဝေးကြီး မသွားလို့..။ မုယွီမှာ ဆေးတွေဘာတွေတော့ ရှိလောက်မှာပါ..။ ဝမ်ရိပေါ် တကယ် ပူပန်နေမိသည်..။ ဒါပေမယ့်လည်း ရှောင်းကျန့်က တအားစိတ်ဆိုးနေတာလေ..။ သူလိုက်သွားလို့ ပိုစိတ်ဆိုးသွားရင် ဘယ့်နှယ်လုပ်မလဲ..။ သူက အကျိုးအပဲ့တွေကို သိမ်းလိုက်သည်..။  မနက်ဖြန် အခြေအနေ တချက် စောင့်ကြည့်ဦးမယ်..။

မြေ‌ခွေးမိစ္ဆာလေးရဲ့ ပုံပြင်Where stories live. Discover now