Part - 15

482 51 76
                                    

"ဝိုး.. နှင်းတွေ အများကြီးပဲ!! နှင်းတွေ!! ဝိုး. ဝါး...နှင်းတွေ"

နှင်းတွေ အများကြီး ကျနေသည့် မနက်ခင်းမှာ မြေခွေးလေးတကောင် ခုန်ဆွ ခုန်ဆွ ဖြစ်နေသည်..။

ဝမ်ရိပေါ် မနေ့ညက အိပ်ရေးမဝ..။ ညသန်းခေါင် နိုးလာပြီးနောက် ရင်ခွင်ထဲကလူ ပျောက်သွားမှာစိုးသဖြင့် အရုဏ်တက်အထိ မျက်လုံးမမှိတ်ရဲ..။

အပြင်က ရှောင်းကျန့် အော်သံကြားတော့ သူ ဝတ်ရုံထူထူဝတ်ပြီး အပြင်ထွက်သွားသည်..။

"ရိပေါ်!! ရိပေါ်!! ဒီမှာ နှင်းတွေ!!"

‌မြေခွေးလေးက အရမ်းပျော်နေတော့ အသံပေါင်းစုံ ထွက်လို့..။

"အွန်း.. ဆောင်းတွင်းဆို ဒီလိုပဲလေ"

ရိပေါ်က လေသံအေးအေးနှင့် ပြောသည်..။ တက်ကြွနေသော ရှောင်းကျန့်အသံနှင့် ယှဉ်တော့ ပုံမှန်လေသံအေးအေးက စိတ်မပါသလို ဖြစ်သွားသည်..။

"နှင်းတွေနဲ့ ဆော့ရအောင် ရိပေါ်.. ပျော်စရာကြီး!!"

ရှောင်းကျန့်က သူ့ဆီ ပြေးလာသည်..။

"ကျန့်ကျန့်ကို စိတ်ဆိုးနေသေးတာလားဟင်! ကျန့်ကျန့်က စ,တာပါ.. လာပါ..  ရိပေါ် စူပုပ်.. နှင်းတွေနဲ့ ဆော့မယ်လို့"

"စိတ်မဆိုးပါဘူးဗျာ.. ကိုယ့်အတွက်တော့ ဆောင်းရာသီနှင်းကျတာ မိုးရာသီ မိုးရွာသလိုပဲ ဘာမှ မထူးဆန်းတော့ဘူး.. အဲ့ဒါကြောင့်ပါ"

ရိပေါ်က ဖျစ်ညှစ်ပြုံးလျက် ပြောသည်..။

"ဟမ်.. ဆောင်းတွင်းရောက်တိုင်း ဒီလိုနှင်းတွေ ကျတာလား"

ရှောင်းကျန့်က မျက်လုံးပြူးလေးနှင့်မေးသည်..။

"အင်းလေ.. ဘာဖြစ်လို့လဲ"

ရှောင်းကျန့် မျက်လုံးလေးဝိုင်းနေပုံက ချစ်စရာ..။ သူ့နှုတ်ခမ်းနှင့် နှာခေါင်းထိပ်ကလေးက အေးလွန်းလို့ ရဲရဲနီနေပြီ..။

"ငယ်ငယ်ကတည်းက နှင်းကျတာကို နည်းနည်းပဲ မြက်ဖူးတာ.. ဒီမှာ နှစ်တိုင်းနှင်းကျတာလား"

"အင်း.. နှစ်တိုင်းပဲ.. မြောင့်ဟယ်တောင်က အမြင့်ကြီးတော့ ပိုအေးတယ်လေ.. နှင်းတွေက အဆုပ်လိုက်ကျတာ.. မြေပြန့်မှာကျ ပူတော့ နှင်းတွေက အရည်ပျော်သွားရော.. အရင်က တောင်ပေါ်မှာ မနေဖူးဘူးလား"

မြေ‌ခွေးမိစ္ဆာလေးရဲ့ ပုံပြင်Where stories live. Discover now