ဝမ်ရိပေါ်က ထန်ရုံ၏ ကျောက်စိမ်းလက်ကောက်ဆီမှ အကြည့်မခွာနိုင်..။ သူ့လည်ပင်းတခြမ်းစောင်းနေသည်ကိုပင် သတိမရ..။
သုံးဆယ့်ခုနစ်ကြိမ်...
ဝမ်ရိပေါ် ထန်ရုံ့ကို စိုက်ကြည့်နေတာ မြင်ကတည်းက ရှောင်းကျန့် သတိထားကြည့်မိသည်..။ သူ့ပါးစပ်ထဲက ထမင်းလုတ်ကို သုံးဆယ့်ခုနစ်ကြိမ်တိတိဝါးပြီးတာတောင် အကြည့်ကို မလွှဲနိုင်..။ ဒီမှာ ငါတယောက်လုံး ထိုင်နေတာတောင် အဲ့လောက် မထိန်းသိမ်းနိုင်ဘူးလား..။ နောက်ဆုံးတော့လည်း တဏှာပါပဲ..။ ရှောင်းကျန့် ကိုယ့်အလှတရားနှင့် ပတ်သက်ပြီး ယုံကြည်ချက်ရှိသော်လည်း ဘယ်လောက်လှလှ ကြာလာရင် ရိုးသွားမှာပဲ..။ ပြီးခဲ့တဲ့ ဆောင်းရာသီလောက်ကဆိုရင် ဝမ်ရိပေါ်ဘာလုပ်လုပ် သူစိတ်ဝင်စားမှာမဟုတ်..။ အခုတော့ မတူ..။ သူဝမ်ရိပေါ်နဲ့ လမ်းခွဲရမှာ မကြောက်ဘူးလို့ မပြောနိုင်..။ ညစာစားပြီးတော့ ရှောင်းကျန့် စာကြည့်တိုက်ကို သွားသည်..။ ဟိုနှစ်ယောက် လွတ်လွတ်လပ်လပ် လုပ်ချင်တာလုပ်ပါစေ..။
ရှောင်းကျန့်ပြန်လာတော့ ထန်ရုံက စုတ်တံတချောင်းနှင့် ပုံဆွဲနေသည်..။
"ထန်ရုံ... ဘာလို့တယောက်ထဲ ဖြစ်နေတာလဲ"
"ရှောင်းသခင်လေး.. ရုံရုံတို့ တူတူဆော့ရအောင်.. ကိုကိုက တောင်အောက်မှာ ကိစ္စတခုရှိလို့တဲ့... ရုံရုံနဲ့ မဆော့နိုင်ဘူး.. ဒါပေမယ့် ရုံရုံပျင်းနေမှာစိုးလို့ စုတ်တံနဲ့ စာရွက်ပေးသွားတယ်.. သူသွားတာ အတော်ကြာနေပြီ"
"သူ့ကို မိစ္ဆာဖမ်းဖို့ အလုပ်လာအပ်တာများလား"
"ဟုတ်မှာပေါ့.. ရှောင်းသခင်လေး.. ရုံရုံ ဘာပုံဆွဲထားလဲ သိလား"
ရှောင်းကျန့် ကြည့်လိုက်တော့ မင်နဲ့ခြစ်ထားသော အချောင်းလေးနှစ်ချောင်း..။ မင်တွေကို ထူပိန်းနေတာပဲ..။
"အာ.. လူနှစ်ယောက်လား"
"ဟုတ်တယ်.. ခိခိ"
"ဘယ်သူတွေတုန်း"
"ဒါက ကိုကို.. ဒါက ရုံရုံ.. ရုံရုံတို့ ငယ်ငယ်တုန်းက အိုးပုတ်တမ်း ကစားကြတာလေ.. ကိုကိုက ဘာပြောလဲ သိလား"
YOU ARE READING
မြေခွေးမိစ္ဆာလေးရဲ့ ပုံပြင်
Fanfictionနေသာတဲ့ တနေ့မှာ ကျင့်ကြံသူ ဝမ်ရိပေါ်ဟာ မြေခွေးလေးတကောင် ကောက်ရသတဲ့..