Part - 14

488 49 72
                                    

"ကိုယ် မှားပါတယ်.. ကိုယ်မှားသွားတာပါ.. အင်းဟာ.. လျှာရှည်ဦး ဒီပါးစပ်"

ရိပေါ်က သူ့ပါးသူ နှစ်ချက်လောက် ပိတ်ရိုက်လိုက်သည်..။

"မငိုနဲ့နော်.. ကိုယ်က စာအုပ်ထဲ ဖတ်ဖူးတာပဲ ပြောတာပါကွာ.. အပြင်မှာ ဘယ်မြေခွေးမိစ္ဆာမှ မတွေ့ဖူးဘူး"

"ဪ.. စာအုပ်ထဲမှာ ဖတ်တာ အားမရလို့.. အပြင်မှာပါ တွေ့ချင်သေးတယ်ပေါ့.. သိသားပဲ.. ကျန့်ကျန့်ကို ချစ်တယ်ဆိုတာ ညာနေတယ်ဆိုတာ.. "

"မဟုတ်ပါဘူး.. ကိုယ်.."

ရိပေါ်က သူ့ကို လာပွေ့ဖက်သည်..။ ရှောင်းကျန့်က ရုန်းတော့ ပို၍ တင်းတင်းဖက်သည်..။

"ကိုယ် အဲ့စာအုပ်တွေဖတ်တာ ငယ်ငယ်တုန်းကပါ.. အခု ကိုယ်ချစ်တာ မင်းပဲ.. ဘုရားသခင်ကို တိုင်တည်ပြီး ကျိန်ဆိုပါတယ်.. ကျွန်တော်မျိုး ရှောင်းကျန်ကို လိမ်ခဲ့ရင်.. လိမ်ခဲ့ရင်.. မိုးကြိုးပစ်ပါစေ!! သေချင်းဆိုးနဲ့ သေပါစေ!!"

"သေပါစေ!! သေပါစေ!! ဒါပဲ ကျိန်နေတယ်.. ကျိန်တာတော့ လူတိုင်းလုပ်နိုင်တယ်.. ဘယ်သူ မိုးကြိုးပစ်တာ မြင်ဖူးလို့တုန်း!!"

ဝမ်ရိပေါ်မှာ စကားလုံးတွေ ဘယ်လိုရှာရမလဲ မသိတော့..။ သူက ရှောင်းကျန့် လက်ကိုဆွဲပြီး သူ့ရင်ဘတ်ပေါ် တင်ပေးသည်..။

"ကိုယ့်ကိုမယုံရင် ကိုယ့်နှလုံးသားကို ခွဲပြီးကြည့်လို့ရပါတယ်"

ရင်အုပ်ကြွက်သားတွေ အောက်မှ နှလုံးသားလေးက တဒုတ်ဒုတ်..။ တကယ်စိုးရိမ်စိတ်များနေသလိုပဲ..။ ဒါပေမယ့် ဟန်ဆောင်နေတာလဲ ဖြစ်နိုင်တာပဲ..။ သယက ဒီလောက်တော်တာ.. စိတ်စွမ်းအင်နဲ့ ရင်ခုန်သံမြန်အောင် လုပ်ထားတာနေမှာပေါ့..။ ရှောင်းကျန့် တကယ်ခွဲမကြည့်ဘူးဆိုတာ သိလို့ တမင်ပြောတာနေမှာ..။

"ခွဲကြည့်တော့ကော ဘာလုပ်ရမှာလဲ.. အဲ့ပေါ်မှာ ကျန့်ကျန့်နာမည် ရေးထားလို့လား.. ကျန့်ကျန့်ခွဲကြည့်ရင် ကျန့်ကျန့်က လူဆိုးဖြစ်သွားမှာပေါ့.. လူတိုင်းက ကျန့်ကျန့်ကို အပြစ်တင်ကြမှာပေါ့.. ကျေးဇူးကန်းတဲ့မိစ္ဆာဆိုပြီး.. ကျင့်ကြံသူတွေလည်း ကျန့်ကျန့်ကို ဖမ်းပြီးသတ်ဖို့ အခွင့်အရေး ရသွားမှာပေါ့.. ရိပေါ်လို နာမည်ကြီးကျင့်ကြံသူကို သတ်ရင် ကျန့်ကျန့်ကို အစွယ်တွေနဲ့ ရုပ်ဆိုးတဲ့ မိစ္ဆာကြီးဖြစ်အောင် စာအုပ်တွေထဲ ထည့်ရေးကြမှာပေါ့.. ရိပေါ်က အဲ့လိုဖြစ်စေချင်တာလား.. ဟုတ်လား!!"

မြေ‌ခွေးမိစ္ဆာလေးရဲ့ ပုံပြင်Where stories live. Discover now