Part - 16

435 54 60
                                    

"ပြောပြရင် စိတ်မဆိုးရဘူးနော်"

ဝမ်ရိပေါ်က မျက်နှာငယ်လေးနှင့် ပြောသည်..။ သူ့ကြည့်ရတာ စွန့်ပစ်ခံရတဲ့ ခွေးပေါက်လေးလိုပဲ..။

"အင်းပါ"

ရှောင်းကျန့် သူ့ပုံလေးကို ကြည့်ပြီး သနားသွားမိသောကြောင့် နဖူးလေးကို ငုံ့နမ်းလိုက်သည်..။

"ပြောပြ"

"အဲ့ဒါက..... ကျန့်ကျန့် ထွက်သွားတယ်လို့ပဲ ကိုယ် အိပ်မက် မက်မက်နေတယ်... ပျောက်သွားပြီး.... ကိုယ့်ကို မချစ်တော့ဘူးတဲ့...... ကိုယ် ဘယ်လောက်ရှာရှာ ကျန့်ကျန့်ကို မတွေ့ဘူးတဲ့...."

ပြောရင်း သူ့ပါးပေါ် မျက်ရည်များ ကျလာသည်..။

"ဟာ.. ဘာလို့ အဲ့ဒါကို စိတ်ထဲထားနေသေးတာတုန်း.. စိတ်ဆိုးလို့ ပြောလိုက်တာပါ.. ပြီးတော့ ရိပေါ်က ဖျားနေတာကို ကျန့်ကျန့်က ဘယ်လိုလုပ် ထားခဲ့ရက်နိုင်မှာတုန်း.. အသည်းနှလုံး မရှိရာ ကျနေမှာပေါ့"

"ဖျားနေလို့ မထားခဲ့တာလား.. အဲ့ဒါဆို တသက်လုံး နေမကောင်း ပါစေနဲ့"

"ဘာတွေ လျှောက်ပြောနေတာတုန်း!! အဲ့လို မပြောရဘူး!! မဟုတ်မှ အဖျားကြီးပြီး အဖျားပိုး ခေါင်းထဲရောက်သွားတာလား"

"ဘယ်လိုပဲဖြစ်ဖြစ် မထားခဲ့ရဘူးနော်"

"မထားခဲ့ဘူး.. မထားခဲ့ဘူးလို့!! ဒီလောက် ခဏခဏ ပြောနေတာကို.. ရိပေါ် အတွေးတွေ များမနေပါနဲ့"

"အင်းပါ.. အတွေးမများတော့ဘူး.. ကျန့်ကျန့်.. ကိုယ့်နဖူးလေး စမ်းပေးပါဦး.. ပူနေလားလို့"

ရှောင်းကျန့် လက်ဖမိုးလေးနှင့် စမ်းလိုက်တော့ တကယ်ပဲ ခြစ်ခြစ်တောက် ပူနေသည်..။

"အိုး.. တကယ်ပဲ အရမ်းပူနေတာပဲ.. ဘာလုပ်ရမလဲဟင်.. ကျန့်ကျန့်ရဲ့ စိတ်စွမ်းအင်နဲ့ ကုပေးရမလား"

"ဟင့်အင်း.. ကိုယ့်ကျင့်စဉ်နဲ့ ကျန့်ကျန့်ကျင့်စဉ်က မတူဘူး.. စွမ်းအင်ဖောက်ပြန်မှု ဖြစ်လိမ့်မယ်"

ဝမ်ရိပေါ်ကပြောရင်း ရှောင်းကျန့်လက်ကိုဆွဲကာ သူ့ပါးမှာ ကပ်လိုက်သည်..။

"ကျန့်ကျန့်လက်ကလေးက အေးနေတော့ နေလို့ကောင်းတယ်"

"ရိပေါ်.. ဒါနဲ့ အရမ်းဖျားနေရင် စောင်အထူကြီးခြုံထားတာ မကောင်းဘူးနဲ့တူတယ်.. အပူတွေ မထွက်ပဲ နေလိမ့်မယ်"

မြေ‌ခွေးမိစ္ဆာလေးရဲ့ ပုံပြင်Where stories live. Discover now