ဝမ်ရိပေါ်က နေ့စဉ်နေ့တိုင်းပင် ညဆိုလျှင် မြောင့်ဟယ်တောင်ကို ပြန်လာပြီး ရှောင်းကျန့်နှင့် ဆော့သည်..။ နေ့ဆိုလျှင် သူ့မွေးစားအဖေအိမ်မှာ ကျင့်ကြံသည်..။
ရှောင်းကျန့်က ရှန်းဝမ့်ကိုလည်း ဆော့ဖို့ ခေါ်သည်..။ သို့ပေမယ့် ရှန်းဝမ့်က လူတောမတိုး..။ ကလေးတွေနဲ့ ဆော့ပါမည်ဟု ပြောတော့ ပိုလို့တောင် တုံ့ဆိုင်းသွားပြီး ခေါင်းယမ်းပြသည်..။ ရှောင်းကျန့်မှာ ဘာဖြစ်လို့လဲဟု အတော်ကြာ မေးယူရသည်..။
ရှန်းဝမ့်က မိဘမဲ့ကလေး..။ ငယ်ငယ်လေးကတည်းက တောင်းစားရရှာသည်..။ ပိန်ပိန်ပါးပါးဖြစ်၍ အခြားသူတောင်းစားများက အနိုင်ကျင့်ကြသည်..။ သူ့မှာ တနေ့တခြား ပို၍ ပိန်လာသည်..။ တနေ့တော့ သူအနိုင်ကျင့်ခံနေရတာကို ဝမ်ရိပေါ် ဖြတ်သွားဖြတ်လာလုပ်ရင်း မြင်သွားသည်..။ သနားသဖြင့် သူ့ကို ရွှေစတစ ပေးခဲ့သည်..။ ရှန်းဝမ့်က ငိုယို၍ သူ့ကိုပါ အတူခေါ်သွားဖို့ ဝမ်ရိပေါ်ကို ပြောသည်..။ မဟုတ်လည်း ဒီရွှေက သူများလုသွားမှာပဲ..။ တကယ်လည်း ပိန်ပိန်ညှောင်ညှောင်ကောင်လေး၏ ကိုယ်မှာ ဒဏ်ရာတွေက အပြည့်..။ သို့နှင့် ဝမ်ရိပေါ်က သူ့ကို မြောင့်ဟယ်ကျောင်း ခေါ်လာကာ လက်တိုလက်တောင်း ခိုင်းသည်..။ နောက်ဆုံးတော့ ရှန်းဝမ့်တယောက် အိပ်မက်ဆိုးမှ လွတ်မြောက်ခဲ့ပြီ..။ ခုတော့ ဖြူဖြူ ဝဝ တုတ်တုတ်လေး ဖြစ်နေပြီ..။ သို့သော် သူ့ကို ဝိုင်းအနိုင်ကျင့်ခဲ့ကြသည့် သူတောင်းစားလေးများကို မမေ့..။ တဖြည်းဖြည်းနှင့် လောကမှာ လူဆိုးရော လူကောင်းရော ရှိသည်ကို နားလည်လာသော်လည်း ဆူညံနေသော ကလေးများဆိုလျှင် အလိုလို ကြောက်နေပြီ..။
ရှောင်းကျန့်က သူ့ကို ဇွတ်မခေါ်တော့..။ သူ့ကို မုန့်တွေ ကျွေးပြီး နှစ်သိမ့်ပေးသည်..။ နောက်ခါကျ အရမ်းကြီး မစ,တော့ဖို့ မှတ်ထားလိုက်၏..။
တကယ်တော့ သူအစိုးရိမ်လွန်နေတာရယ်..။ ရှန်းဝမ့်အတွက် အကောင်းအဆိုး ခွဲခြားနည်းက အလွန်ရိုးရှင်းသည်..။ ရှောင်းကျန့်က စိတ်ကောင်းရှိပြီး သူနှင့်အမြဲ အတူစား အတူဆော့သောကြောင့် ညီအစ်ကို အရင်းလို မှတ်ယူပြီးသား..။ နောက်ကတကောက်ကောက်လိုက်ပြီး ပစ္စည်းတွေ သယ်ပေးရလည်း မမှု..။ ရှောင်းကျန့် တောင်အောက်က ကလေးတွေနှင့် ဆော့ကြောင်းပြောတော့ သူ သတိပေးချင်သည်..။ သို့သော် ထိုအကြောင်းပြောစဉ် ရှောင်းကျန့် မျက်နှာက ပြုံးရွှင်နေတာပဲ..။ လူကောင်းတွေဆိုတာ လူကောင်းတွေနဲ့ပဲ ကြုံရဆုံရတာပါလား..။
YOU ARE READING
မြေခွေးမိစ္ဆာလေးရဲ့ ပုံပြင်
Fanfictionနေသာတဲ့ တနေ့မှာ ကျင့်ကြံသူ ဝမ်ရိပေါ်ဟာ မြေခွေးလေးတကောင် ကောက်ရသတဲ့..