"ဘာလုပ်တာလဲလို့!!"
"ဘာလုပ်မယ် ထင်လဲ"
"ရူးနေလား!! နေ့လည်စားစားချိန်ရောက်တော့မယ်.. အပြင်မှာ ထန်ရုံလည်း ရှိသေးတယ်လေ.. မြင်သွားရင် ဘယ်လိုလုပ်မလဲ"
"အာ့ ကျန့်ကျန့်အပြစ်ပဲ.. ကျန့်ကျန့်နမ်းလို့ ခုတော့ ကိုယ့်စိတ်တွေ ကြွလာပြီ"
"ဟင့်အင်း.. ဟင့်အင်း.. အခု မလုပ်__"
ဝမ်ရိပေါ်က သူ့ကို ကျားခုံပေါ်ဖိချပြီး အင်္ကျီတွေ ဆွဲချွတ်သည်..။ ကျားစေ့တွေက နေရာအနှံ့ပြန့်ကျဲကုန်သည်..။
"ခဏ!! ခဏလေး!! ကြားလား.. ထမင်းစားဖို့ ရှန်းဝမ့်လာခေါ်နေပြီ"
"အေး!! ကျားထိုးနေလို့!! ပြီးရင်လာခဲ့မယ်!! စားနှင့်လိုက်!!"
ဝမ်ရိပေါ်က အပြင်ကို လှမ်းအော်ပြီး အဝတ်တွေ ဆက်ချွတ်သည်..။
"မနေ့က ရိုက်ခံလိုက်ရလို့ ဦးနှောက်ပျက်သွားတာလား.. ဘာလို့ အဲ့လောက် အရှက်မရှိရတာလဲ!!"
"မျက်နှာကို ရိုက်ခံရပြီးမှတော့ မျက်နှာပူစရာ အကြောင်းမရှိတော့ဘူးလေ"
"ထန်ရုံမြင်သွားမှာ မကြောက်ဘူးလား.. အာ့.. တော်တော့လို့!!"
"မြင်မြင်.. မနေ့က ကျန့်ကျန့်အလကားနေရင်း စိတ်ဆိုးသွားတာလေ.. ကိုယ့်ဟာကိုယ်တောင် ဘာလုပ်မိမှန်းမသိဘူး.. ကျန့်ကျန့်ကိုတောင် ကောင်းကောင်း ဂရုစိုက်မပေးနိုင်မှတော့ ကျန်တဲ့လူတွေ ဘာဖြစ်ဖြစ်.. ကြည့်ချင်လဲ ထိုင်ကြည့်ပေ့စေ.. ကိုယ်ကတော့ သူမရှေ့မှာ လုပ်ရလဲ အဆင်ပြေတယ်.. ကျန့်ကျန့်ရှက်ရင် မျက်စိမှိတ်ထားလိုက်"
"မရူးစမ်းပါနဲ့.. မနေ့က နားလည်မှု လွဲတာလို့ ပြောပြီးပြီလေ.. ရိပေါ်ဟာ ရိပေါ် အရှက်မရှိလည်း ကျန့်ကျန့်က အရှက်ရှိတယ်"
ရှောင်းကျန့်မှာ ရိပေါ်၏ သန်မာလှသော လက်များနှင့် ဖိချုပ်ခြင်း ခံထားရသည်..။ အပြင်မှ အသံကြားသွားမည်စိုး၍ သူ့မှာ သိပ်မရုန်းရဲ..။ အဲ့တော့ ဝမ်ရိပေါ် အကြိုက်ပေါ့..။ ရှောင်းကျန့် ခါးစည်းကြိုးက ဖြည်ခံလိုက်ရပြီး သူ့လက်နှစ်ဖက်ကို ဝမ်ရိပေါ်က ခါးစည်းကြိုးနှင့် ချည်လိုက်သည်..။ နေ့ခင်းအလင်းရောင်အောက်မှာ ရင်ဘတ်နှင့် ဝမ်းဗိုက်သား ဖွေးဖွေးလေးက အထင်းသား..။ ဝမ်ရိပေါ်က သူ့အတွင်းခံကိုပါ ဆွဲချွတ်ပစ်သည်..။
YOU ARE READING
မြေခွေးမိစ္ဆာလေးရဲ့ ပုံပြင်
Fanfictionနေသာတဲ့ တနေ့မှာ ကျင့်ကြံသူ ဝမ်ရိပေါ်ဟာ မြေခွေးလေးတကောင် ကောက်ရသတဲ့..