Part - 19

611 52 62
                                    

ဝမ်ရိပေါ် အဖျားကျသွားတော့မှ ရှောင်းကျန့်လည်း သက်ပြင်းချနိုင်တော့သည်..။ ဒါတောင် "အမြစ်ပြတ်အောင်" ဆိုပြီး ရှောင်းကျန့်မှာ ကုတင်ပေါ်မှ မဆင်းရတာ သုံးလေးရက်..။ သူပြောတာလဲ နည်းလမ်းတော့ကျပါတယ်လေ..။ လှုပ်လှုပ်ရှားရှား လုပ်ပြီး ချွေးတွေ ထွက်လာမှ အဖျားကျသွားရှာတာ..။ ရိပေါ်လေး သနားပါတယ်..။

ရိပေါ်တယောက် တာဝန်ပေါ်လာလို့ တောင်အောက်ဆင်းသွားမှ ရှောင်းကျန့် ကောင်းကောင်း နားရတော့သည်..။

နောက်လဆို နှစ်သစ်ကူး ရောက်ပြီ..။ နှစ်သစ်ကူးဆိုတာ ဆွေမျိုးမိသားစုတွေနဲ့ ဆုံစည်းရမယ့် အချိန်ပဲ..။ အခု ရိပေါ်နဲ့ မုယွီမှာ ဆွေမျိုးနဲ့ တူတာဆိုလို့ အရှင်သခင် ဝူကော်ပဲ ရှိတယ်..။ သူတို့က နှစ်တိုင်း နှစ်သစ်ကူးဆို ဝူကော့်ဆီ သွားနေကျ..။ ဟိုမှာ လဝက်လောက် နားနားနေနေ နေပြီးမှ ကျင့်ကြံလေ့ ရှိကြသည်..။ ဒီတခေါက်တော့ ရိပေါ်က ရှောင်းကျန့်ကို ခေါ်သွားချင်သည်..။

"ကျန့်ကျန့်.. လက်တွေ အေးမယ်နော်!!"

မြေခွေးလေးက ခြံထဲမှာ နှင်းလူလုပ်နေသည်..။ လက်ကလေးတွေ နီနေတာတောင် နှင်းလူခေါင်းကို ပုတ်ပြီး ဆော့နေတုန်း..။ လက်နုနုလေးတွေ နှင်းကိုက်တော့မှာပဲ..။ နှစ်သစ်ကူးမှာ နေမကောင်းလို့ မဖြစ်ဘူး..။ သူက လက်အိတ်သွားယူလာပြီး ဝတ်ပေးသည်..။

"ရိပေါ်!! ရိပေါ်!! အကြီးကြီးပဲမလား!!"

ရှောင်းကျန့်က သူ့လက်ရာ နှင်းလူကို ကြည့်ပြီး ဂုဏ်ယူစွာပြောသည်..။

"အကြီးဆုံးကြီးပါဗျာ.. ကျန့်ကျန့်လေး အတော်ဆုံး.. ကိုယ့်တသက်လုံး ဒီလောက်ကြီးတဲ့ နှင်းလူရုပ်ကြီး တခါမှ မမြင်ဖူးဘူး"

လူတရပ်စာလောက်ရှိတဲ့ နှင်းလူဝတုတ်ကြီးကိုကြည့်ပြီး ရိပေါ်တောင် မျက်လုံးပြူးသွားသည်..။

"ဘယ်‌မြင်ဖူးမလဲ.. ဟွန့်.. ကျန့်ကျန့်ကြောင့် ရိပေါ် မမြင်ဖူးတာတွေ မြင်နေရတာ"

"ကျေးဇူးတင်ပါတယ်ဗျာ.. အမြင်တွေ ကျယ်သွားပါပြီ.. ဒီလိုလုပ်ပါလား.. နောက်ခါ သူများတွေ ဒီ့ထက်သေးတဲ့ နှင်းလူရုပ် လုပ်နေတာမြင်ရင် ကိုယ် သွားလှောင်လိုက်မယ်.. ဟျောင့်တွေ.. သခင်ကြီး ရှောင်းကျန့်လုပ်တဲ့ နှင်းလူရုပ်ကြီးက ကမ္ဘာပေါ်မှာ အကြီးဆုံးကြီးကွ.. မင်းတို့ မတူရင် မတုနဲ့လို့.. နော်"

မြေ‌ခွေးမိစ္ဆာလေးရဲ့ ပုံပြင်Where stories live. Discover now