Part - 2

405 51 107
                                    

ရှောင်းကျန့်က အဆင့်အတန်းမြင့်တဲ့ မြေခွေးလေးပါနော်..။ သူ လူအသွင်ယူထားရင်တောင်မှ တနေ့ကို ကြက်ကင်တကောင် စားမှဖြစ်မှာ..။ မနက်ခင်းဆို သူကြက်တွေ လိုက်ဖမ်းနေကျ..။ ဒီနေ့ မနက်အရုဏ်တက်တော့လည်း နိုးနေကျ အချိန်မှာ သူနိုးလာသည်..။ နိုးလာတော့ သူက တစုံတယောက်ရဲ့ ရင်ခွင်ထဲမှာ..။ သူ မျက်လုံးလေး ပြူးပြီး လျှောက်ကြည့်သည်..။ သူ ဓမ္မကျောင်းတော် တခုထဲ ရောက်နေတာပဲ..။ သူ့ကို ဖက်ထားသည့်သူကို မော့ကြည့်မိသည်..။ ဒါ မနေ့က သူ့ကို အနိုင်ကျင့်တဲ့ သူတော်စင် လူဆိုးကောင်ပဲ..။

မနေ့ညက အဖြစ်အပျက်တွေကို ရှောင်းကျန့် ပြန်မှတ်မိလာသည်..။ ဒီလူဆိုးက သူ့ကို ကောင်းကောင်းကြီး ပညာပြခဲ့တာပဲ..။ ဒါဘယ်လို အပြစ်ပေးနည်းလဲတော့ မသိဘူး..။ တော်တော်တော့ နာတယ်..။ သူ့အပေါက်လေးက ခုထိ ဖူးယောင်ပြီး နာနေသေးတယ်..။ မနေ့ညက ပုံရိပ်ယောင်အစွမ်းကိုသာ မသုံးရင် သေအောင်ရိုက်ခံရမလား မသိဘူး..။

ထားပါ..။ လောလောဆယ် အရေးကြီးဆုံးက ဒီနေရာက အမြန်ဆုံး ထွက်သွားဖို့ပဲ..။ ရှောင်းကျန့် သူ့ခါးကျဉ်ကျဉ်လေးကို ဖက်ထားသော လက်ကို အသာအယာမ,လိုက်ပြီး သူတော်စင်လူဆိုးကို ချောင်းကြည့်လိုက်သည်..။ နိုးလာမှာ စိုးလို့..။ လက်ကလေးကို ဘေးမှာ အသာချပြီး လွတ်မြောက်တော့မည့်ဆဲဆဲမှာပင် လူဆိုးသူတော်စင်၏ မျက်လုံးများက ဖြတ်ကနဲ ပွင့်လာသည်..။

မကောင်းတော့ဘူး.. မကောင်းတော့ဘူး!! သူ့ခန္ဓာကိုယ်က ပြန်မကောင်းသေးဘူး.. ဒီသူတော်စင်က အရမ်းသန်မာတယ်..။ သူတော့ သေတော့မှာပဲ..။

လုံးဝမတရားဘူး.. ဝူး..။ သူ လူသားအသွင်ပြောင်းနိုင်ဖို့ နှစ်ရာချီ ကျင့်ကြံခဲ့ရတာ..။ အသွင်ပြောင်းနိုင်တာ ဘယ်နှနှစ်မှ မရှိသေးဘူး..။ သူသေရတော့မယ်..။ မနေ့ကလို ထပ်အပြစ်ပေးရင်လဲ သူမခံနိုင်တော့ဘူး..။ ရှောင်းကျန့်နောက်ဆုတ်သွားပြီး ကြောက်ကြောက်နဲ့ ထောင့်လေးမှာ တဆတ်ဆတ်တုန်နေသည်..။

ဝမ်ရိပေါ်က ငယ်ငယ်ကတည်းက ဉာဏ်ကောင်းသည်..။ ကျင့်ကြံခြင်းမှာလည်း ပါရမီပါသည်..။ ငယ်ငယ်ရွယ်ရွယ်နဲ့ မြောင့်ဟယ်ကျောင်းရဲ့ သူတော်စင် ဖြစ်လာတာသာ ကြည့်တော့..။ ယခု မနေ့ညက ပုံရိပ်ယောင်ထဲက အလှလေးကို ချောင်ထဲမှာ ပုန်းနေသည်ကို မြင်လိုက်ရသည်နှင့် ချက်ဆို နားခွက်က မီးတောက်ပြီး အားလုံးကို နားလည်သွားသည်..။ မနေ့ညက အဖြစ်အပျက်တွေက တကယ်ဖြစ်ခဲ့တာပဲ..။

မြေ‌ခွေးမိစ္ဆာလေးရဲ့ ပုံပြင်Where stories live. Discover now