"တနေ့က ဆောင်ကြာမြိုင်နား ဖြတ်သွားတော့ ရိပေါ်လေ.. အပေါ်ထပ်မှာ ကောင်မလေးတယောက်ကို ပွေ့ဖက်နေတာ.."
"တကယ်လား!!!"
"ဘာလို့ ညာပြောရမှာတုန်း.. မယုံရင် တောင်အောက်ကို ဝမ်ရိပေါ်နဲ့ ဆင်းတဲ့အခါ ဆောင်ကြာမြိုင်ရှေ့က ဖြတ်သွားကြည့်.. သူ့ဇယားလေးတွေ သူ့ကို အထာပေးနေကြတာ တွေ့လိမ့်မယ်"
ထန်ရုံ ဝမ်းပန်းတနည်းနှင့် မျက်ရည်တွေ ကျလာသည်..။ ခြေထောက်ခုမှ ပြန်ကောင်းလာတာကိုတောင် မေ့သွားပြီး စမ်းချောင်းလေးဆီ ကယောင်ကတမ်း လျှောက်သွားသည်..။
"ဟိတ်! ဒီနားမှာ မြေမညီဘူးလေ.. အောက်ကို သေချာကြည့်သွား!"
"သခင်လေး.. ကျွန်မ__"
ထန်ရုံကပြောရင်း ခွေကျလာသဖြင့် ရှောင်းကျန့်ဖမ်းထိန်းပေးလိုက်ရသည်..။
"ဘာဖြစ်တာလဲ? အကြာကြီးထိုင်နေပြီးမှ ရုတ်တရက် ထရပ်လိုက်လို့ မူးသွားတာလား.. နားလိုက်ဦးလေ"
"ကျွန်တော့်အမှားတွေပါ.. မိန်းကလေးငယ်လေးကို ဘာလို့ ဒါတွေ သွားပြောမိမှန်း မသိဘူး.. တောင်းပန်ပါတယ်.. လန့်သွားတာလား.. ကျွန်တော်တို့က ရိပေါ်ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး နောက်ပြောင်နေကျဆိုတော့ လွှတ်ကနဲ ပြောလိုက်မိတာ.. ဘယ်သူ့ကိုမှ ပြန်ပြောလို့ မဖြစ်ဘူးနော်.. ရိပေါ် မျက်နှာပျက်ရလိမ့်မယ်..."
"ရုံရုံမပြောပါဘူး.. မပူပါနဲ့ သခင်လေး"
ထန်ရုံက ရှောင်းကျန့်ကို မှီထားသည်..။ ရှောင်းကျန့်ကိုယ်သင်းနံ့က သင်းပျံ့ပျံ့..။
"အိမ်ထောင်ဖက် ရှာချင်ရင် ကျင့်ကြံသူတွေကိုတော့ ဝေးဝေးကရှောင်.. သူတို့ တွေးခေါ်စဉ်းစားပုံက သူများနဲ့မတူဘူး.. ရိပေါ်ကောပဲ.. သူ့မှာ မိစ္ဆာတွေ ခဏခဏ လိုက်ဖမ်းရတာ.. ညအိပ်မက်ထဲမှာတောင် လိုက်ဖမ်းပြီး မနက်ကျ နုံးခွေနေရော.. ညကို ကောင်မလေးတွေနဲ့ ကုန်ဆုံးလိုက်တော့ သာယာတဲ့ အချိန်လေးတွေလည်း ပိုင်ဆိုင်ရတယ်.. ကောင်မလေးတွေနဲ့ အားအကုန်သုံးလိုက်တော့ အိပ်မက်ထဲလည်း မိစ္ဆာတွေ လိုက်မဖမ်းတော့ဘူး.. သူကအဲ့လိုပြောတာပဲ"
YOU ARE READING
မြေခွေးမိစ္ဆာလေးရဲ့ ပုံပြင်
Fanfictionနေသာတဲ့ တနေ့မှာ ကျင့်ကြံသူ ဝမ်ရိပေါ်ဟာ မြေခွေးလေးတကောင် ကောက်ရသတဲ့..