"နှစ်သစ်ကူးကြီးကို ရိပေါ် ပြန်လာလို့ ရတယ်ပေါ့??"
"ကိုယ် အဲ့ကလူတွေကို ခေါင်းမူးလို့ စောစော နားတော့မယ်လို့ ပြောခဲ့တာ.. သူတို့က ကိုယ်အိပ်နေပြီလို့ပဲ ထင်မှာ.. ပြီးတော့ ကိုယ်ဆက်ဆော့နေရင် ကိုယ်ကချည်းနိုင်နေတော့ မဆော့လေကောင်းလေပဲလို့ တွေးကြမှာရယ်"
"အာ့ဆို မနက်ဖြန်ကျရင်ရော.. မနက်ရောက်ရင် ရိပေါ်မရှိတာ သိသွားမှာပေါ့"
"ကိုယ် စဉ်းစားပြီးပြီ.. ညဆို ဒီမှာ လာအိပ်မယ်.. မနက်ဆို ဟိုကို ပြန်သွားမယ်.. ဒါဆို ကျန့်ကျန့်လည်း ကိုယ့်ကို လွမ်းလို့ အိပ်မပျော် မဖြစ်တော့ဘူး.. ဟိုဘက်က လူတွေလည်း သံသယမဝင်တော့ဘူး.. နှစ်ဦးနှစ်ဖက်လုံး အဆင်မပြေဘူးလား"
"ဟွန့် လူလည်ကြီး.. "
"လာပါ.. ဒီလောက်အဝေးကြီး ပြန်လာရတာ.. အမောပြေ နမ်းပါဦး ကိုယ့်ကို"
ဝမ်ရိပေါ်က ကိုယ်ကို ကိုင်းလိုက်သည်..။ ရှောင်းကျန့်က လက်နှစ်ဖက်ကို သူ့လည်ပင်းမှာ ချိတ်တွယ်ပြီး အိပ်ရာပေါ် ဆွဲချသည်..။
"အိပ်တော့.. ကိုယ် ချော့သိပ်ပေးမယ်.. နောက်နှစ်နာရီလောက်နေရင် ကိုယ်ပြန်သွားရတော့မှာ"
"အိပ်လို့ ပျော်ဘူး"
"အာ့ဆို ကိုယ် မပြန်ရတော့ဘူးလား"
"ဟင့်အင်း.. ကျန့်ကျန့် မျက်လုံးမှိတ်လို့ကို မရတာ"
"အရမ်း တက်ကြွလန်းဆန်းနေတာပဲ.. ဒါဆို လုပ်ရအောင်"
"ရား.. လျှောက်မပြောနဲ့"
မြေခွေးလေးက နှုတ်ခမ်းကိုက်ကာ မျက်လုံးပြူးပြသည်..။ ဒါလဲ ချစ်စရာကောင်းနေတာပဲ..။
"ဒါဆို.. မှောင်နေတုန်း အပြင်မှာ သွားဆော့ကြမယ်"
"ဘာတမ်းဆော့မှာလဲ"
ရှောင်းကျန့်က ချက်ချင်းပင် ခေါင်းလေး ထောင်လာသည်..။
"ရိပေါ်ဝယ်လာတဲ့ အရုပ်တွေနဲ့ ဆော့ရတာ ပျင်းနေပြီ"
"ထူထူလေး ဝတ်ခဲ့.. သွားဆော့ကြမယ်"
ရှောင်းကျန့် အနွေးထည်ထူထူလေး ဝတ်လာတော့ ဝမ်ရိပေါ်က သူ့ရှေ့မှာ ဒူးထောက်ပြီး ကျောပေါ်တက်ခိုင်းသည်..။ ပြီးမှ ရှောင်းကျန့် ခြေတံတို့ကို သေချာ ဆုပ်ကိုင်ကာ ကျောပိုးသည်..။
YOU ARE READING
မြေခွေးမိစ္ဆာလေးရဲ့ ပုံပြင်
Fanfictionနေသာတဲ့ တနေ့မှာ ကျင့်ကြံသူ ဝမ်ရိပေါ်ဟာ မြေခွေးလေးတကောင် ကောက်ရသတဲ့..