Part - 3

372 44 55
                                    

ရှောင်းကျန့်က ခုထိ တုံးလုံးလေး..။ သူ မြေခွေးဘဝတုန်းက အမွေးလဲတဲ့ရာသီမှာ အမွေးတွေကျွတ်သွားတုန်းကလိုပဲ..။ ရှက်စရာကြီး..။ လူဆိုးကောင် သူတော်စင်က သူ့ကို တုံးလုံးထားချင်တာနေမှာ..။ ရှောင်းကျန့်က ခြေထောက်ဆောင့်ပြီး သူ့အတွက် အဝတ်အစားသွားရှာခိုင်းသည်..။

ဝမ်ရိပေါ်က ရှောင်းကျန့်ထက် အရပ်ရှည်တော့ သူ့အဝတ်အစားတွေက ရှောင်းကျန့်နှင့်ဆို ကြီးနေသည်..။ ဒီမြေခွေးလေးကို သူတော်စင် ဝတ်ရုံ ဝတ်ပေးရင်ကော.. ဟင့်အင်း.. အရောင်မှိန်လွန်းတယ်..။ အခမ်းအနားတက်တဲ့ ဝတ်ရုံကျတော့လည်း အရမ်းကျဉ်းကြုတ်မယ်..။ ဪ.. သတိရပြီ..။ သူ သူတော်စင်မဖြစ်ခင်က နည်းနည်းကလက်လို့ မဝတ်ပဲထားတဲ့ အင်္ကျီတွေ ရှိတာပဲ..။ ‌ဒီမြေခွေးလေးနဲ့ဆို လိုက်မှာ..။

ရှောင်းကျန့်က အဝါရောင်ပိုးသားဝတ်ရုံမှာ ရွှေချည်တွေထိုးထားတဲ့ အင်္ကျီလေးကို ဝတ်ထားသည်..။ ရှေ့မှာက ရွှေဒင်္ဂါးရုပ်ပုံတွေ..။ နောက်မှာက ရောင်စုံ ငှက်ရုပ်တွေ..။  သူလမ်းလျှောက်လိုက်တိုင်း ဝင့်ဝင့်ကြွားကြွား..။ အနားသတ်တွေကို အဖြူရောင်အမွှေးလုံးလေးတွေ ကွပ်ထားတော့ ချစ်စရာကောင်းသွားသည်..။

ရှောင်းကျန့် ဆံပင်တွေက ပြန့်ကျဲနေသည်..။ သနားပါတယ်..။ မြေခွေးလေးက ဆုံးမသင်ကြားမယ့် မိဘမရှိတော့ ဆံပင်လည်း မဖြီးတတ်ရှာဘူးနေမှာ..။ ဝမ်ရိပေါ်က ရှောင်းကျန့်ကို ထိုင်စေပြီး ခေါင်းဖြီးပေးသည်..။ ပြီးတော့ အလယ်မှာ နီရဲရဲ ပတ္တမြား တပ်ဆင်ထားသော ကျောက်စိမ်းဖြူ သရဖူကို ဆောင်းစေသည်..။ ကျောက်စိမ်းနတ်ဘုရားလေးလိုပဲ..။ အရမ်းလှတယ်..။ အထူးသဖြင့် ဖောင်းမို့နေတဲ့ ဇာမဏီမျက်ဝန်းတွေ..။ ငိုထားလို့ ရဲပြီးမို့နေတာကိုက တမင်ဆွဲဆောင်နေသလိုပဲ..။

"အရမ်းလှတယ်!!"

ရှောင်းကျန့်က မှန်ထဲပြေးကြည့်သည်..။ ဟွန့်.. လူဆိုးကောင် သူတော်စင်က အင်္ကျီတော့ ကောင်းကောင်းရွေးတတ်သားပဲ..။

ဝမ်ရိပေါ်က မြေခွေးလေးကို ဒီနေ့တော့ မိစ္ဆာတွေ သွားနှိမ်နင်းရမည့်အကြောင်း ပြောပြလာသည်..။ သူ့တပည့် ရှန်းဝမ့်က မနက်စာကို တံခါးပေါက်ဝမှာပဲ ထားသွားသည်..။ မြေခွေးလေးပဲ စားလိုက်တော့..။ နေ့လည်စာကို ပို့ခိုင်းလိုက်မည်..။ ဆော့ချင်ရင်လည်း အဝေးကြီးသွားမဆော့ဖို့ မှာရသေးသည်..။ သူစည်းချခဲ့မည်..။ နေမဝင်ခင်တော့ ရောက်အောင် ပြန်လာမည်..။

မြေ‌ခွေးမိစ္ဆာလေးရဲ့ ပုံပြင်Where stories live. Discover now