လောကကြီးမှာ တိုက်ဆိုင်တယ်ဆိုတာ ဘယ်မှာ ရှိလို့လဲ...။
တကယ်တော့ အားလုံးက ထန်ရုံ့အကြံတွေ..။
ဝမ်ရိပေါ် အလုပ်အပ်တာကို လက်ခံပြီး တောင်အောက်ဆင်းမသွားခင်ကတည်းက ထန်ရုံက ဘယ်အချိန် ပြန်လာမှာလဲလို့ မေးထားပြီးသား..။ ဝမ်ရိပေါ်အနေနဲ့ကလည်း ထူးထွေပြီး လျှို့ဝှက်ထားရမယ့် ကိစ္စမဟုတ်တော့ ပြောပြလိုက်မိသည်..။
နေ့ရက်ကို သိရင် ထန်ရုံ့အဖို့ လွယ်သွားပြီ..။ ပုံမှန်အားဖြင့် ချမ်းသာတဲ့ မိသားစုတွေအဖို့ ကျင့်ကြံသူကို ညစာကျွေးပြီးမှ ပြန်လွှတ်ကြတာမို့ အချိန်ကိုလည်း မှန်းလို့ရသွားသည်..။
ဒီရက်တွေ ဝမ်ရိပေါ် မရှိစဉ်အတွင်းမှာ မုယွီကို တမင်ခေါ်ထားသည်..။ အတူတူကစားဖို့ထက် ပိုရင်းနှီးလာအောင်.. စည်းခြားထားတာတွေ မရှိအောင်..။
အဲ့နေ့က ထန်ရုံက ရှန်းဝမ့်ကို နိုင်သည်..။ သို့နှင့် ရှန်းဝမ့်ကို ခါတိုင်းထက် နှစ်ဆ ပိုချက်ခိုင်းပြီး အားလုံး ပျော်ပါးစားသောက်ကြဖို့ ပြောသည်..။
ရှန်းဝမ့်အတွက်တော့ ထမင်းချက်တာက ပြစ်ဒဏ်မဟုတ်..။ ထန်ရုံ မနိုင်ခဲ့ရင်တောင် နိုင်တဲ့သူကို အဲ့လိုခိုင်းဖို့ ပြောလိုက်ရုံပဲ..။ အစားချည်းစားနေရင် ပျင်းစရာကောင်းသည်ဆိုပြီး ထန်ရုံက စပြောသည်..။ ရှန်းဝမ့်က သူ့လက်ရာ မကောင်းလို့လားဆိုပြီး တောင်းပန်မည် လုပ်သေးသည်..။ ထန်ရုံက ဟင်းတွေက အရသာကောင်းပါတယ်.. ခုနကပဲ ပျော်ပျော်ရွှင်ရွှင်ကစားနေရာက ထိုင်ပြီး အစားစားတော့ စိတ်လှုပ်ရှားစရာ မရှိပဲ ပျင်းစရာကြီးလို့..။
ရှောင်းကျန့်က ဒါဆို ပျော်သွားအောင် သေရည်သောက်ကြမလားလို့ အကြံပြုသည်..။ ထန်ရုံ ဒီမေးခွန်းကို စောင့်နေတာ..။ ချက်ချင်းပဲ သူမကိုယ်တိုင် သေရည်သွားယူလာသည်..။
သူမ ယူလာတာ အရက်ပြင်းတွေ..။ တောင်အောက်မှာ ဈေးဝယ်ထွက်တုန်းက ဈေးကြီးလေလေ အရသာကောင်းလေလေလို့ပဲ ပြောပြီး ပြင်းတာပျော့တာကို မပြော..။ အားလုံးက ဘုမသိဘမသိနှင့် အရက်ပြင်းတွေ အများကြီး ဝယ်လာကြသည်..။
YOU ARE READING
မြေခွေးမိစ္ဆာလေးရဲ့ ပုံပြင်
Fanficနေသာတဲ့ တနေ့မှာ ကျင့်ကြံသူ ဝမ်ရိပေါ်ဟာ မြေခွေးလေးတကောင် ကောက်ရသတဲ့..