Part - 10 🔞

347 27 51
                                    

ဝမ်ရိပေါ်က အကြမ်းအားဖြင့် တလကို သုံးခါလောက်တော့ မိစ္ဆာနှိမ်နင်းဖို့ သွားရတတ်သည်..။ ခုတလောတော့ အေးချမ်းနေသည်..။ မိစ္ဆာဖမ်းပေးဖို့ အကူအညီလာတောင်းတာမျိုး မရှိ..။ ကောင်းကင်ဘုံ စမ်းသပ်မှုကလည်း ခံယူပြီးသား..။ လောလောဆယ် သူ့အလုပ်က မြေခွေးလေးဘေးနားမှာ နေပြီး ဂရုစိုက်ပေးဖို့ပဲ..။

ရှောင်းကျန့် နေမြန်မြန်ကောင်းဖို့အတွက် ဝမ်ရိပေါ် ရှန်းဝမ့်နောက်လိုက်လာပြီး မီးဖိုချောင်ထဲဝင်ကာ အားဆေးများ ကျိုသည်..။ သူကလည်း လုပ်စရာမရှိ..။ ရှန်းဝမ့် နမော်နမဲ့နှင့် ဆေးဂရုတစိုက် မကျိုမှာလည်း စိုးသည်..။ သူကိုယ်တိုင် ကျိုမှပါပဲ..။ စားနိုင်မှ အားရှိမှာ..။

သို့နှင့် ဝမ်ရိပေါ်တယောက် အိုးထဲကို ကြက်သားရယ် ဝက်သားရယ် ငါးရယ် ထည့်လိုက်သည်..။ သူ့ဆီမှာ ပိုက်ဆံတွေ ရှိနေတာပဲ.. ။ ဂျင်ဆင်းရယ် လင်ဇီးရယ် စွန်ထန်ရယ်ပါထည့်..။ သွေးအားဖြည့်တာလေး ထည့်ရမယ်..။ ဟင်းနုနွယ်ရယ် ဖရုံရွက်ရယ် ဘူးရွက်ရယ်ထည့်..။ အရသာကောင်းပြီး ရနံ့မွှေးအောင် မဆလာလေးပါထည့်..။ ရှန်းဝမ့်တွေ့တဲ့အချိန်ကျ နောက်ကျ‌သွားပြီ..။

"ဆရာသခင်!! အဲ့လိုလုပ်လို့ မရဘူး!!"

"ဘာတွေ ဖြစ်နေတာလဲ.. ပိုက်ဆံကုန်မှာ စိုးရိမ်နေတာလား"

"ပိုက်ဆံကုန်မှာ စိုးရိမ်နေတာ မဟုတ်ဘူး.. သခင်လေးကျန့်ကျန့် အစာအိမ်အတွက် စိုးရိမ်နေတာ!!"

"ဘာလဲ!! ဒါ အရသာ မကောင်းဘူးလို့ ဆိုလိုချင်တာလား.. အကောင်းတကာ့အကောင်းဆုံးဆိုတာတွေချည်း ရွေးဝယ်ထားတာကွ"

ရှန်းဝမ့် ပြိုင်ပြီး မငြင်းချင်တော့..။ ဘေးမှာ ရပ်ပြီးတော့သာ ဝမ်ရိပေါ်တယောက် ပျာယာခတ်နေသည်ကို ထိုင်ကြည့်နေလိုက်တော့သည်..။ ခါတိုင်း ဘယ်အရာကိုမှ သိပ်စိတ်မဝင်စားတတ်သူတယောက် အလုပ်ရှုပ်နေတာကို ကြည့်ရတာ အပျင်းပြေသား..။

အိုး ပွက်ပွက်ဆူလာတော့ ဝမ်ရိပေါ် ရှောင်းကျန့်အတွက် တခွက်ခပ်လိုက်သည်..။

ဝမ်ရိပေါ် အပေါ့အငန်မြည်းမယ့်အချိန်ကို ရှန်းဝမ့် စိတ်ဝင်တစား စောင့်ကြည့်နေမိသည်..။

မြေ‌ခွေးမိစ္ဆာလေးရဲ့ ပုံပြင်Where stories live. Discover now