ဝမ်ရိပေါ် လက်လွှတ်လိုက်သည်နှင့် ရှောင်းကျန့်မှာ ဒူးတွေ မခိုင်ပဲ ကြမ်းပြင်ပေါ် ပုံကနဲ..။ သူ့ရင်တွေ တဒိုင်းဒိုင်း ခုန်နေသည်..။ ဝမ်ရိပေါ် ထန်ရုံ့ကို အပြင်ခေါ်ထုတ်သွားမှ သူသတိဝင်လာသည်..။
သူ့အောက်ပိုင်းက ပေပွနေသော အရည်တွေကို တဘက်ဖြင့်သုတ်လိုက်သည်..။ ကြေမွနေသော အင်္ကျီကို ပြန်ကောက်ဝတ်ပြီး ခါးစည်းကြိုးကို ပြန်ချည်သည်..။ ရှုပ်ပွနေသော ဆံပင်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြန်လုပ်ပြီး ပါးပြင်ပေါ်က မျက်ရည်များကို သုတ်ကာ လိုက်ကာနောက်ကွယ်မှ သူခိုးလေးလို ချောင်းကြည့်သည်..။
ခုနက လူဆိုးကောင် ဝမ်ရိပေါ် သူကြားအောင် တမင်ပြောသွားတာ..။ သူပြောတဲ့အတိုင်း ရှောင်းကျန့် လိုက်လုပ်ရတော့မယ်..။ ရှောင်းကျန့် ပြတင်းပေါက်မှ ကျော်ထွက်ခဲ့သည်..။
နေ့လည်စာလည်း မစားရသေးဘူး..။ ခုနကလည်း လန့်လို့ သေတော့မယ်..။ စိတ်ကော ကိုယ်ကော ပင်ပန်းနေလို့ ပြတင်းပေါက်ကို ကျော်တာ ချော်လဲတော့မလို့..။ ရိပေါ်က သူ့ကို ဘယ်လိုအပြစ်ပေးရမလဲ ကောင်းကောင်းသိတာပဲ..။ သူ့ကို ကောင်းအောင်ကော ကြောက်သွားအောင်ကော လုပ်တာ..။ သူ့ပါးကို ရိုက်လို့နေမှာ..။ ရှောင်းကျန့် နောက်တခါ မလုပ်ရဲအောင် အပြစ်ပေးလိုက်တာ..။ ခုတော့ ရှောင်းကျန့်မှာ သူနဲ့ မျက်နှာချင်း မဆိုင်ရဲတော့ဘူး..။ စာကြည့်တိုက်ကိုပဲ ပြန်သွားတော့မယ်..။
ရှောင်းကျန့် ပြန်လာတာမြင်တော့ မုယွီ အံ့ဩသွားသည်..။ အစ်ကိုကြီးနဲ့ ခုထိ ပြန်မခေါ်သေးဘူးလား..။ သူမနေ့က ဒီလောက်ပြောထားတာတောင် နားမဝင်သေးဘူးလားဟု ထင်ပြီး တတွတ်တွတ် ပြောတော့သည်..။ မုယွီက ပုံမှန် စကားနည်းပေမယ့် သူ့အစ်ကိုကြီးနှင့် ပတ်သက်လာလျှင်မရ..။ တောက်လျှောက်ကို ပြောတော့တာ..။ ပြောပြီးသားတွေလည်း ထပ်ပြောလိုပြော..။
"သိပြီ.. သိပြီလို့!! မပြောနဲ့တော့!! စားစရာ ယူလာခဲ့!!"
"ဟုတ်ဟုတ်.. ကျွန်တော့် အစ်ကိုကြီးကို အထင်မလွဲနဲ့နော်"
ညကျတော့ ရှန်းဝမ့်က ညစာကို နှစ်ယောက်စာ ယူလာသည်..။ ရှောင်းကျန့်က ပက်လက်ကုလားထိုင်လေးပေါ်လှဲပြီး နေဝင်ဆည်းဆာကို ကြည့်နေသည်..။
YOU ARE READING
မြေခွေးမိစ္ဆာလေးရဲ့ ပုံပြင်
Fanfictionနေသာတဲ့ တနေ့မှာ ကျင့်ကြံသူ ဝမ်ရိပေါ်ဟာ မြေခွေးလေးတကောင် ကောက်ရသတဲ့..