Part - 36

287 35 39
                                    

ဘယ်လိုလုပ် အရုဏ်မတက်ခင် ရောက်လာတာလဲ..။ ခုနလေးတင် ရိပေါ် တံခါးခေါက်ပြီး နှိုးတာကို ထန်ရုံက မထချင်လို့ ချွဲနွဲ့နေတာ သူကြားခဲ့တာ..။ ဘယ်လိုလုပ် အစောကြီး မီးဖိုချောင်ထဲ ရောက်လာနိုင်မှာလဲ..။

ရှောင်းကျန့် ရှန်းဝမ့်ကိုကြည့်ပြီး တွေးမိသည်..။ ရှန်းဝမ့်ကတော့ လိမ်မှာ မဟုတ်ဘူး..။

မနက်စာစားချိန်ကျ မုယွီရောက်လာပြီး ထန်ရုံကို နှုတ်ဆက်ကာ မနက်စာအတူစားရန် စားပွဲမှာ သွားစောင့်နေသည်..။

ရှောင်းကျန့် မုယွီကို ရေနွေးကြမ်းနှင့် ဧည့်ခံပြီး စကားစမြည်ပြောကာ စောင့်နေသည်..။ သို့သော် အတော်ကြာသည်အထိ ရိပေါ်က ပေါ်မလာ..။ ထန်ရုံလည်း အိပ်ရာက နိုးလာပြီလေ..။ ရိပေါ် ဘာလုပ်နေတာတုန်း..။ မုယွီကို ခွင့်တောင်းပြီး သူ ဘေးဆောင်သို့ ထွက်လာခဲ့သည်..။

အခန်းတံခါးက ပိတ်ထားဆဲ..။ အထဲမှ လူနှစ်ယောက် ရယ်ရယ်မောမော စကားပြောနေသံ ကြားရသည်..။ ရှောင်းကျန့် တံခါးခေါက်လိုက်သည်..။ ထန်ရုံ့ ရယ်သံ ရပ်သွားပြီး လည်ချောင်းရှင်းကာ လှမ်းပြောသံ ကြားရ၏..။

"ဝင်ခဲ့"

ရှောင်းကျန့် တံခါးဖွင့်လိုက်တော့ ရိပေါ်က ထန်ရုံကို ကျစ်ဆံမြီး ကျစ်ပေးနေသည်..။

"ကျန့်ကျန့်.. ဘယ်လိုလုပ် ဒီလာတာလဲ...မနက်စာ မစားဘူးလား"

ဝမ်ရိပေါ်က သူ့ကို တချက်ကြည့်ပြီး ကျစ်ဆံမြီး ဆက်ကျစ်ပေးနေသည်..။

"မနက်စာက မကျက်သေးဘူး.. ကျန့်ကျန့်က___ ကျန့်ကျန့်က စကားပြောရအောင်လို့.."

"ရှောင်းသခင်လေး.. ရှက်မိပေမယ့် ရုံရုံ့ဆံပင်က ဖြီးရတာ ခက်တယ်.. အရင်ကဆို အစေခံနှစ်ယောက် ဝိုင်းဖြီးပေးရတာ.. သူတို့နေ့တိုင်းဖြီးပေးနေတာကို ကြည့်ပြီး ရုံရုံ ကိုယ့်ဟာကိုယ် ဖြီးနိုင်ပြီ မှတ်နေတာ.. ဒီနေ့ဖြီးကြည့်တော့ မရဘူးဖြစ်နေတယ်.. အာ့နဲ့ ကိုကို့ကို ကူညီခိုင်းရတာ.. ရုံရုံက တုံးတယ်နော်.. ရှောင်းသခင်လေး"

ထန်ရုံက သူ့ကို လှည့်မကြည့်နိုင်ပေမယ့် ကရားရေလွှတ် တတွတ်တွတ် ပြောသွားသည်..။

မြေ‌ခွေးမိစ္ဆာလေးရဲ့ ပုံပြင်Where stories live. Discover now