အဲ့မျက်ခွက်ကြီး ကြည့်မယ့်အစား ငါ့ကိုယ်ငါပဲ မှန်ထဲ ထိုင်ကြည့်လိုက်တော့မယ်...
ရှောင်းကျန့်၏ စိုးရိမ်ပူပန်မှုများက အလုံးစုံ ပျောက်ကွယ်သွားတော့သည်..။
"သူပြောတာ ဘယ်သူ ကြားလိုက်သေးလဲ"
"ကျွန်တော်ပဲ ကြားတာပါ.. ထန်ရုံသာ သိရင် ကျွန်တော်တို့ နှစ်ယောက်လုံးကို အိမ်ပေါ်က ကန်ချလိမ့်မယ်"
"အေး.. တော်တော်တော့ လွန်တယ်ဟ"
"သခင်လေး.. အစ်ကိုကြီးက ချစ်သူအနေနဲ့သာ အပြောကြမ်းပေမယ့် တကယ် သူ့ညီမ အရင်းလိုတော့ ဂရုစိုက်ပေးပါတယ်.. ကျွန်တော့်ကိုသာ ညီအစ်ကို အရင်းတွေလို သတ်မှတ်လို့ ပြောပြတာ.. သွားပုပ်လေလွင့် လျှောက်ပြောနေတာတော့ မဟုတ်ပါဘူး"
"ငါ သိပါပြီ.. "
"အဲ့ဒီနေ့က ထန်ရုံက မီးပုံးပွဲတော်က စကားထာပြိုင်ပွဲမှာ ဝင်ပြိုင်သေးတယ်.. ပထမဆု ရခါနီးပဲ.. ဒါပေမယ့် စကားထာတပုဒ်ကို သူမ ဘယ်လိုမှ စဉ်းစားမရဘူး.. လူတိုင်းက သူမအဖြေကို မျှော်နေတာ.. အဲ့ဒါနဲ့ လှုပ်ရွလှုပ်ရွနဲ့ အစ်ကိုကြီးကို လှမ်းကြည့်တယ်.. အစ်ကိုကြီးက အဖြေသိတယ်.. စကားထာဝှက်လိုက်တာနဲ့ အဲ့ဒါရဲ့ အဖြေက ဘာဆိုတာကို ကျွန်တော့်ကို လှမ်းပြောတာ.. ဒါပေမယ့် ထန်ရုံက လှမ်းကြည့်တာကို မမြင်ချင်ယောင်ဆောင်နေတာ.. ကျွန်တော်ကတောင် ပြောလိုက်သေးတယ်.. အစ်ကိုကြီး ဘာလို့ ပြောမပြတာလဲလို့.. အစ်ကိုကြီးကလေ အသည်းမမာတတ်တော့ ထန်ရုံနဲ့ ခပ်ကင်းကင်းတော့ နေမှာ မဟုတ်ဘူး.. ဒါပေမယ့် ထန်ရုံ့ နှုတ်က စမပြောပဲနဲ့တော့ သူ့ဘက်က အလိုက်တသိ ဘာကိုမှ လုပ်ပေးမှာ မဟုတ်ဘူး"
"တကယ်လား"
"သခင်လေး အခုတော့ အကြောင်းစုံ သိသွားပြီဆိုတော့ ထွက်မသွားပါနဲ့လား.. ကျွန်တော်က အစ်ကိုကြီးနဲ့ အတူကြီးပြင်းလာတော့ သူ့အကြောင်းသိတယ်.. သခင်လေးကို ဆက်ဆံတာ သူများနဲ့မတူဘူး.. သခင်လေးကတော့ ပံုမှန်လို့ ထင်ရင်ထင်မှာ.. ကျွန်တော့မှာ စစချင်း လန့်တောင်သွားတယ်.. ဘယ်သူ့ကိုမှ သခင်လေးလို တန်ဖိုးထားဆက်ဆံတာ မတွေ့ဖူးဘူးရယ်.. သခင်လေး ညကြီးသန်းခေါင် ရန်ဖြစ်ပြီး ပြေးလာတော့ အစ်ကိုကြီးတော့ အခန်းထဲမှာ တယောက်ထဲ အထီးကျန်နေတော့မှာပဲ"
YOU ARE READING
မြေခွေးမိစ္ဆာလေးရဲ့ ပုံပြင်
Fanfictionနေသာတဲ့ တနေ့မှာ ကျင့်ကြံသူ ဝမ်ရိပေါ်ဟာ မြေခွေးလေးတကောင် ကောက်ရသတဲ့..