ဝမ်ရိပေါ် နောက်ဆုံးတော့ ရှောင်းကျန့်ကို ယုံကြည်ဖို့ ဆုံးဖြတ်လိုက်သည်..။ ထိုဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲ ချရပေမယ့်လည်းပေါ့..။
နောက်နေ့ ထန်ရုံတယောက် ဝမ်ရိပေါ်ကို သေချာကြည့်ပေမယ့်လည်း သာမာန်အတိုင်းပဲ..။ ရှောင်းကျန့်ကိုလည်း ချော့ချော့မော့မော့နဲ့..။ အဲ့လို မဖြစ်ရဘူးလေ..။ ရှောင်းကျန့်က လွတ်အောင်ရုန်းသွားနိုင်ပြန်ပြီလား..။ အဲ့ကောင် အတော်ဉာဏ်များတာပဲ..။ အေးပေါ့လေ.. ဒါကြောင့်လည်း ကိုကိုက သူ့ဆီမှာ ကျရှုံးနေရတာ..။ အိပ်ရာပေါ်မှာလည်း အဲ့လိုပဲနေမှာ..။ ညည်းသံတွေကိုတောင် မထိန်းချုပ်နိုင်ဘူး..။ တွေ့သမျှလူ မြူဆွယ်နေတာနေမှာ..။ ကိုကို့ကိုလည်း မျက်နှာလေး ပြပြပြီး လုပ်စားနေတာ..။ ရုပ်ကလေးကလည်းလှ ဉာဏ်ကလေးကလည်းကောင်းတော့ ကိုကို ပြုစားခံရပြီပေါ့..။ ပြဿနာပဲ..။ ကိုကိုက သူ့ကိုပဲ အမြဲအလိုလိုက်နေမယ်.. သူပြောသမျှ အကုန်ယုံနေမယ်ဆိုရင် သူမ ဘယ်လောက်ကြိုးစားကြိုးစား အလကားဖြစ်မှာပဲ..။
ထန်ရုံက မျှော်လင့်ချက် နည်းနည်းလောက်ပဲ ရှိနေပါစေ..။ လက်မလျှော့တတ်..။ အခုလဲ အကြံရလာပြန်သည်..။
"ရုံရုံ တောင်ပေါ်တက်လာတာ နှစ်လလောက်ရှိပြီဆိုတော့ ပြန်ရတော့မယ် ထင်တယ်"
ဝမ်ရိပေါ်က ပြန်စေချင်လှပြီ..။ သူက ချက်ချင်းပဲ ထောက်ခံတော့သည်..။ တောင်ပေါ်မှာ ဘယ်လောက် ပင်ပန်းဆင်းရဲကြောင်း.. ခြင်တွေပေါကြောင်း.. အန္တရာယ်များကြောင်း.. ပြီးတော့ မိန်းကလေးတယောက်အနေနှင့် ယောကျာ်းကြီးတွေပဲ ရှိသည့်အရပ်မှာ ကြာကြာမနေသင့်ကြောင်း.. လူကြားလို့လည်း မကောင်းကြောင်း.. ပြီးတော့ လက်မထပ်ရသေးသည့် အပျိုကလေးအနေနှင့် သောက်စားမူးရူးနေတာ မဖြစ်သင့်ကြောင်း.. စသည်စသည်..။ ပြီးတော့ နွေရာသီလည်း ကုန်တော့မှာဖြစ်လို့ ရာသီဥတုက တောင်အောက်မှာလည်း အဲ့လောက်မပူတော့ကြောင်း..။
စကားအရှည်ကြီးကို နားထောင်ရင်း ကိုကိုက တကယ်ကြီး သူမကို မလိုလားမှန်း ထန်ရုံသိသွားသည်..။ ငါ့ကို တကယ် ပြန်စေချင်နေတာပဲ..။ ကောင်းပြီလေ.. ပြန်တာပေါ့..။ ငါကလည်း မနေချင်ပါဘူး..။ ဇွတ်နေရင်လည်း မျက်မုန်းကျိုးခံရတော့မယ်..။ သို့နှင့် ညကျ မီးရှူးပန်းဖောက်ပြီး အိမ်ကလူတွေကို အချက်ပြလိုက်သည်..။ နောက်နေ့မနက်ကျ လူတအုပ်ကြီး ရောက်လာပြီး သူမပစ္စည်းတွေကို လာသယ်ကြသည်..။
YOU ARE READING
မြေခွေးမိစ္ဆာလေးရဲ့ ပုံပြင်
Hayran Kurguနေသာတဲ့ တနေ့မှာ ကျင့်ကြံသူ ဝမ်ရိပေါ်ဟာ မြေခွေးလေးတကောင် ကောက်ရသတဲ့..