Part - 34

467 35 40
                                    

"အား.. ပူလိုက်တာ.. ဘာလို့ မရောက်သေးတာလဲ.. ဒီ့ထက် မြန်မြန်မသွားနိုင်တော့ဘူးလား"

"သခင်မလေး.. ဝင်ပေါက်ကို လှမ်းမြင်နေရပြီမို့ မကြာခင် ရောက်တော့မှာပါ"

"ဒီလိုပဲ တလျှောက်လုံး ပြောလာတာပဲ.. ခုလဲပြောပြန်ပြီ ငါသခင်မလေးကို လိမ်ရဲတယ်ပေါ့.. ဟမ်!!"

"မဟုတ်ပါဘူး!! မဟုတ်ပါဘူး!! တောင်ပတ်လမ်းတွေက ကွေ့ကောက်နေလို့ ခုမြင်ရလိုက် မမြင်ရလိုက်ဖြစ်တာပါ.. ခုက တကယ်ကို ရောက်တော့မှာပါ!!"

"ရောက်တော့မှာလား.. ဒါဆိုမြန်မြန်သွား!! ထိုင်လိုက်လာရတာ ညောင်းနေပြီ!!"

သန်မာသော လူနှစ်ယောက်က တောင်တက်လမ်းအတိုင်း ဝေါယာဉ်တခုကို သယ်လာသည်..။ ရှေ့မှာတယောက် နောက်မှာတယောက်..။ တောင်တက်လမ်းမို့ အန္တရာယ်ကင်းစေရန် ဝေါယာဉ်က အမိုးမပါ...။ သစ်သားချောင်းနှစ်ချောင်းနှင့် တွဲရိုက်ထားသော ထိုင်ခုံမျှသာ..။ ထိုင်ခုံပေါ်မှ မိန်းကလေး ဝတ်ဆင်ထားသည်က လှလှပပ..။ ကြိုးကြာရုပ်လေးတွေ ရေးဆွဲထားသော ယပ်တောင်နှင့် တဖျတ်ဖျတ် ခပ်နေသေးသည်..။ ဝေါယာဉ်နောက်မှာ လူတစုပါသေးသည်..။ သူတို့က ဝါးပိုးဝါးနှင့် ကြေးကွပ်ထားသော သေတ္တာအကြီးကြီးတွေကို သယ်လာကြသည်..။

"စောက်ငှက်သံတွေကလည်း ဆူလိုက်တာ!!"

လှည်းပေါ်မှ မိန်းကလေးက မျက်မှောင်ကြုံ့ရင်း ပြောသည်..။

ထိုလူစုက အရုဏ်တက်ကတည်းက မြောင့်ဟယ်တောင်ပေါ် ဖြည်းဖြည်းချင်း တက်လှမ်းလာကြသည်..။ သူတို့တောင်ပေါ်ရောက်တော့ မွန်းတည့်ခါနီးပြီ..။

‌မိန်းကလေးက ဝေါယာဉ်ပေါ်မှ ဆင်းလိုက်ရင်း သူမလူတွေကို ညွှန်ကြားသည်..။

"ရောက်ပြီ.. ခါးတောင်ညောင်းသွားတယ်.. သေတ္တာတွေ ချထားပြီး နင်တို့ ပြန်လိုက်တော့"

အစေခံများမှာ သူတို့သခင်မလေး မထိန်းနိုင်အောင် ဆိုးမှန်းသိသော်လည်း ဒီလောက်ထိ မမျှော်လင့်ထား..။

"သခင်မလေး.. သခင်မလေးက တိတ်တိတ်လေးလဲ ထွက်ပြေးလာသေးတယ်.. ကျွန်တော်တို့ကိုလဲ ပြန်လွှတ်လိုက်ရင် အိမ်တော်ကိုရောက်တဲ့အခါ ကျွန်တော်တို့ ဘယ်လို မျက်နှာပြရမလဲ"

မြေ‌ခွေးမိစ္ဆာလေးရဲ့ ပုံပြင်Where stories live. Discover now