Part - 7

261 39 33
                                    

မုယွီ၏ တိုက်ခိုက်မှုကြောင့် သွေးထွက်သံယို ဖြစ်သည်မှာ မှန်သော်လည်း အရှင်သခင် ဝူကော်၏ တိုက်ခိုက်မှုလောက် မပြင်း..။

ဝူကော် ရှောင်းကျန့်ကို လိုက်ဖမ်းတုန်းက ခန္ဓာကိုယ်ထက် စိတ်ဝိဉာဉ်ကို အဓိကပစ်မှတ်ထား တိုက်ခိုက်တာဖြစ်သည်..။ အဲ့တုန်းက ကံကောင်းလို့ လွတ်ခဲ့တာ..။ နောက်မှ စဉ်းစားကြည့်တော့ ဝူကော်က သူ့ကိုယ်သူ ယုံကြည်ချက်ရှိလို့ သူ့နောက် ဆက်မလိုက်တော့တာပဲ..။ မဟုတ်လဲ သေမှာပါဆိုပြီး..။ တကယ်လည်း ရိပေါ်သာ သူ့ကို မတွေ့ရင် ရှောင်းကျန့် သေလောက်တယ်..။

မုယွီက အဲ့လောက်တော့ မတော်..။ နောက်ဆုံး ဝိဉာဉ်ချုပ်သည့် တကွက်က လွဲရင် ကျန်တာတွေက နည်းနည်းပိုမြန်ပြီး အားပိုပါတာလောက်ပဲ ရှိတာ..။ ရှောင်းကျန့်သာ စိတ်စွမ်းအင် အကုန် ပြန်ကောင်းနေရင် ဒီလောက်လွယ်လွယ်နဲ့ ရှုံးမှာမဟုတ်ဘူး..။

ကံကောင်းချင်တော့ ဒီတခေါက်က စိတ်ဝိဉာဉ်ကို မထိခိုက်မိတော့ ရှောင်းကျန့် သေတော့မသေနိုင်..။ အတွင်းကလီစာတွေမှာပဲ ဒဏ်ရာနည်းနည်းပြင်းသွားသည်..။ ဒါလဲ စာကြည့်တိုက်ကို ပြန်လာတဲ့တလျှောက်လုံး မုယွီက စိတ်စွမ်းအင်တွေ တောက်လျှောက်လွှဲပေးနေတော့ အတော်လေး သက်သာနေပြီ..။ ဒါပေမယ့် ကျောနဲ့ခြေထောက်က ဒဏ်ရာတွေက တော်တော်နဲ့ ပျောက်ဦးမှာ မဟုတ်..။

ရှန်းဝမ့်က တဗြဲဗြဲငိုရင်း မုယွီကို ကျိန်ဆဲနေသည်..။ ဘယ်က သတ္တိတွေ ရလာလဲတော့မသိ..။ မုယွီမှာ ဆဲခံနေရသော်လည်း စိတ်မဆိုးအား..။ ဝမ်ရိပေါ် ပြန်လာလျှင် ဘယ်လိုလုပ်မလဲ တွေးပြီး စိတ်ပူနေသောကြောင့်ပင်..။

စာကြည့်တိုက်ထဲမှာ ရှောင်းကျန့်ကို တညလုံးထားလို့ အဆင်မပြေ..။ ထို့ကြောင့် ဝမ်ရိပေါ် အခန်းထဲကို ပြန်လာပြီး ကုတင်ပေါ် တင်ထားသည်..။ ရှောင်းကျန့်ကို ဘာလုပ်ပေးရမလဲ မသိ..။ ဒဏ်ရာတွေကို ဆေးထည့်ပေးရမှန်းတော့ သိသည်..။ ဒါပေမယ့် သူက အားရင် စာကြည့်တိုက်ထဲပဲ နေနေကျ..။ ဘာဆေးထည့်ပြီး ဘယ်နားက ရှာရမှာလဲ..။ ဆေးမထည့်ပဲ ဘေးနားမှာ ငုတ်တုတ်ထိုင်နေရင်လည်း မဟုတ်သေးဘူး..။ ဖြစ်ချင်ရာဖြစ်ဆိုပြီး စာကြည့်တိုက်ပြန်သွားလို့လည်း မသင့်တော်..။

မြေ‌ခွေးမိစ္ဆာလေးရဲ့ ပုံပြင်Where stories live. Discover now