နှစ်သစ်ကူးပြီးတော့ အရာအားလုံးက ပုံမှန် ပြန်ဖြစ်သွားသည်..။ နေ့ဆိုလျှင် အလုပ်လုပ်ပြီး ညဆိုလျှင် အိပ်ဖို့..။
ရှောင်းကျန့်နှင့် ဝမ်ရိပေါ်လည်း ကလေးတသိုက်ကို နှုတ်ဆက်ဖို့ အချိန်ကျပြီ..။ မသွားခင်မှာ ရိပေါ်က ရှောင်းကျန့်အား ကလေးတသိုက်ကို မုန့်ဖိုးပေးခဲ့ဖို့ ပြောသည်..။ ကလေးလေးတွေက သူတို့ကို အထင်ကြီးလေးစားစွာ ကြည့်ရင်းကျန်ခဲ့ကြသည်..။
မြောင့်ဟယ်တောင် ရောက်ပြီးမှတော့ ဝမ်ရိပေါ် သူ့အဖေဆီ ပြန်မသွားချင်တော့..။ မဟုတ်လည်း အိပ်ရာကနိုးဟန်ဆောင်ပြီးလျှင် နှုတ်ဆက်ပြီး ဒီကို ပြန်လာရမှာပဲဟာ..။ မုယွီကိုပဲ ဆင်ခြေတခုခုပေးခိုင်းလိုက်တော့မယ်..။
အရုဏ်က မတက်သေးတော့ နည်းနည်းမှောင်နေသေးသည်..။ ရှောင်းကျန့်က အိပ်ချင်နေပြီ..။ ရိပေါ်ကကျ နေ့ခင်း သူ့အဖေတို့နဲ့ ကျင့်ကြံပြီး ညကျလည်း ရှောင်းကျန့်နဲ့ ဆော့သေးတာ မပင်ပန်းဘူးလားမသိ..။ သူ မေးကြည့်တော့ ဝမ်ရိပေါ်က ကျင့်ကြံရင်း တရားထိုင်ရင်း ခိုးအိပ်တာဟု ပြောသည်..။ ငပျင်းကြီးပဲ.. ။
"ကျန့်ကျန့်ကို အဖော်လုပ်ပေးနေရလို့လေ"
"ကျန့်ကျန့်က ဇွတ် ပြန်လာခိုင်းလို့လား.. ရိပေါ်ဘာသာ ဆော့ရတာ ပျော်နေတာ မလား"
ရှောင်းကျန့်က ပခုံးချင်းတိုက်ပြီး မေးတော့ ဆွဲဖက်ခံလိုက်ရသည်..။
"ကိုယ့်လောင်ကုန်းကို ရိုက်နှက်နေပါတယ်ဗျိုး"
ရှောင်းကျန့် ရိပေါ်ရင်ခွင်ထဲ ပိုတိုးဝင်ကာ ခေါင်းအပ်လိုက်ရင်း..
"ဘယ်လိုလုပ်ရမလဲ.. နည်းနည်းလေးတော့ ချစ်မိနေပြီထင်တယ်"
"နည်းနည်းလေးပဲလား.. အားယား.. ကျွန်တော်မျိုးကို ဒေါသထွက်ပြီး သေအောင်လုပ်နေတာလား သခင်လေးခင်ဗျား.. အရင်က လုံးဝမချစ်ဘူးလား.. ဒါဆို ဘာလို့ လောင်ကုန်းလို့ ခေါ်တုန်း"
"အရင်က.. အရင်က ချစ်မချစ် သိပ်မသေချာဘူး.. ခုတော့ သေချာသွားပြီ.. စိတ်ဆိုးရဘူးနော်"
ဝမ်ရိပေါ်က သူ့မေးဖျားလေးကို ဆွဲမော့ကာ ဖွဖွနမ်းသည်..။
"စိတ်မဆိုးပါဘူးဗျာ.. နောက်တာပါ.. နောက်ဆို ကျန့်ကျန့်အပေါ် ဒီထက်ပိုကောင်းပေးမယ်.. နည်းနည်းလေးကနေ အများကြီး ချစ်လာအောင်"
YOU ARE READING
မြေခွေးမိစ္ဆာလေးရဲ့ ပုံပြင်
Fanfictionနေသာတဲ့ တနေ့မှာ ကျင့်ကြံသူ ဝမ်ရိပေါ်ဟာ မြေခွေးလေးတကောင် ကောက်ရသတဲ့..