Part - 33 🔞🔞

797 40 56
                                    

ခုတလော ဝမ်ရိပေါ်တယောက် တိုင်ကြားမှုများ မနည်းမနော လက်ခံရရှိထားသည်..။ တချို့က ဂုဏ်သရေရှိ မြို့မျက်နှာဖုံးတွေနှင့် အာဏာပိုင်တွေ..။ လူတွေက ချမ်းသာလေလေ ကြောက်တတ်လေလေပဲ..။ တနေ့လုံး မယုံသင်္ကာစိတ်နဲ့ နတ်တွေ သရဲတွေအကြောင်းပဲ တွေးနေတော့တာ..။ နတ်က ကန့်တော့ပွဲနဲ့ တောင်းပန်လို့ရတယ်..။ သရဲတစ္ဆေမိစ္ဆာတွေကျ မရဘူး..။ အဲ့တော့ ကျင့်ကြံသူကို ခေါ်ပြီး နေ့တိုင်း အပ,နှင်နေတော့တာပဲ..။

ဝမ်ရိပေါ်က တော်လည်းတော် ချောလည်းချောသည်..။ ဈေးမြင့်သော်လည်း မမလေးတွေ အကြိုက်..။ အပ,နှင်နေတာကို တနေကုန် ထိုင်ငမ်းလို့ရသည်..။ ဝမ်ရိပေါ် တောင်အောက်ကို လက်ဗလာနှင့် ဆင်းသွားတိုင်းအပြန်ကျ ရွှေထုပ်ကြီးနှင့် ပြန်လာတတ်သည်..။ ရွှေတွေက မဆန့်တော့ဘူး..။ သူက ရှောင်းကျန့်ကို ပိုက်ဆံပိုဖြုန်းဖို့တိုက်တွန်းရသည်..။

တကယ်တော့ လူချမ်းသာတွေ အာဏာပိုင်တွေဆိုတာ အစောင့်အကြပ်တွေ တပုံတပင်..။ ဘယ်တစ္ဆေသရဲ မိစ္ဆာမှ မကပ်နိုင်..။ ဝမ်ရိပေါ်တယောက် ကိုယ့်ကိုယ်ကို မိတ်ဆက်သည်..။ တည်ခင်းဧည့်ခံသမျှ စားသည်..။ စားပြီး အစာကြေအောင် ပန်းဥယျာဉ်ထဲ လမ်းလျှောက်သည်..။ မမလေးတွေ နှုတ်ဆက်လျှင် ခေါင်းငြိမ့်ပြသည်..။ လက်ကို ဟိုဟိုဒီဒီ ဟန်ပါပါဝေ့ယမ်းပြီး ပြန်ခဲ့တော့သည်..။

အပြန်ကျမှ လယ်တောထဲမှ ကြောက်ရွံ့ထိတ်လန့်နေသော ရွာသားတွေကို သွားကူညီသည်..။ လယ်တောရွာတွေမှာ အိမ်ခြေက ကျိုးတို့ကျဲတဲ..။ အစောင့်အကြပ်က မရှိ..။ သားငါးတိရိစ္ဆာန် ပေါများသည်..။ ဒီလိုနေရာမှ မိစ္ဆာသရဲတွေ အလာများတာ..။ ဒါပေမယ့် ရသည့်ငွေနှင့် နှိမ်နင်းရတာနှင့် မတန်သောကြောင့် ကျင့်ကြံသူတွေက မလာချင်ကြ..။ ဝမ်ရိပေါ်ကတော့ နေ့တိုင်းလာပြီး တခါတလေ သူကတောင် ငွေစတွေ ပြန်ပေးသွားသည်..။

ရှောင်းကျန့် ဒီရက်ပိုင်းအတွင်း ကြိုးစားလေ့ကျင့်နေသည်..။ သို့ပေမယ့် ထူးထူးခြားခြား တိုးတက်မလာ..။ ပျင်းလာတာနှင့် သူ ရွှေအိတ်နှင့် အိုးတလုံးကိုယူပြီး ရှန်းဝမ့်နှင့် သွားဆော့သည်..။

မြေ‌ခွေးမိစ္ဆာလေးရဲ့ ပုံပြင်Where stories live. Discover now