ဝမ်ရိပေါ်က ကျောက်စိမ်းအပိုင်းအစလေးနောက် အချိန်အတော်ကြာ လိုက်လိုက်ရသည်..။ ကျောက်စိမ်းလေးက တနေရာထဲကို မပြပဲ တောင်ခြေက ရွာအနှံ့ကို ပြနေသည်..။ ဝမ်ရိပေါ်မှာ တရွာလုံး ပတ်ကြည့်ရတော့သည်..။
ဟော.. တွေ့ပြီ..။ မြေခွေးလေးက စွန်ဝယ်ပြီး လမ်းမပေါ်မှာ ပြေးလွှားဆော့နေတာပဲ..။ ဒါကြောင့် နေရာအနှံ့ပြနေတာကိုး..။
ရှောင်းကျန့်က သူ့ကို သတိမထားမိသေး..။ စွန်က ပျံလည်း မပျံဘူးရော..။ ဒီလောက် မြန်မြန်ပြေးတာတောင် အပေါ်မပျံဘူး..။
ဘယ်ပျံပါ့မလဲ..။ ရွာထဲက လမ်းတွေက ကျဉ်းသည်..။ ဒီကြားထဲ အိမ်တွေက ကွယ်ထားတော့ လေမရ..။ လေမတိုက်တော့ စွန်တွေက ဝေ့လည်ဝေ့လည်နှင့် မြေပေါ်ပဲ ပြန်ကျလာသည်..။ ပြန်ကျလာလို့ ကိုင်းကျိုးသွားရင် ပိုဆိုး..။ အမြင့်မပျံနိုင်တော့..။ ရှောင်းကျန့်ဝယ်သည့် စွန်တွေ မရေတွက်နိုင်တော့..။ ဆိုင်ပိုင်ရှင်ကလည်း ဒီနား စွန်လွှတ်လို့ မရမှန်း ပြောမပြ..။ ရောင်းရလေ ကောင်းလေပဲ..။
ကြည့်ရတာ မြေခွေးလေးက တကယ်ထွက်သွားချင်ပုံတော့မရဘူး..။ စိတ်ကောက်နေတာပဲ နေမှာ..။ စိတ်ကောက်ရတဲ့ အကြောင်းရင်းကလည်း မျက်နှာမှာ စာရေးထားသလို ပေါ်ပြီးသား..။ ဟွားကျင်းနဲ့သူ နီးနီးကပ်ကပ်နေတာကို သဘောမကျပုံပဲ..။ ခုချက်ချင်း သွားခေါ်လိုက်ရင် ပိုဆိုးမလားပဲ..။ သူ့ကို အရင် ပျော်အောင် လုပ်ပေးရမယ်..။
ရှောင်းကျန့် အစကတော့ ရွှေထုပ်ကြီးသယ်ပြီး ထွက်ပြေးမလို့ပဲ..။ သူ စိတ်တိုတာကို ချော့မယ့်သူလဲ မရှိဘူး..။ ခေါင်းအုံးကြီးပဲ ထုနေရတယ်..။ မုယွီနဲ့ သွားဆော့တော့လည်း ပျင်းစရာကြီး..။ မုယွီက သူ့ကို စာအုပ်တွေပဲ ဖတ်ခိုင်းနေတယ်..။ ဖတ်ချင်ပါဘူး!! ပျင်းစရာကြီး..။ တညလုံး စောင့်တာလဲ ရိပေါ်က ပေါ်မလာဘူး..။ သူစိတ်တိုတိုနဲ့ အိပ်မက်ထဲမှာ ရိပေါ်ခေါင်းကို ထုပစ်နေတာ..။ နေ့လည်စာ စားပြီးတော့ သူဆုံးဖြတ်ချက်ချပြီး ထွက်လာခဲ့တာ..။
တဖက်က ထွက်သွားချင်ပေမယ့် တဖက်ကလည်း ရိပေါ်ကို စိတ်ပူပြီး လာရှာစေချင်သေးတယ်..။ ပြန်လိုက်မလိုက်ကတော့ ချော့ပုံချော့နည်းကို ကြည့်ရမှာပဲ ဟွန့်!! ပထမဆုံး သူ့အမှားသူ မြင်ပြီး အိမ်ထောင်ဦးစီးကောင်း မဟုတ်ကြောင်း ဝန်ခံရမယ်..။ သူများကို သွားမဖက်တော့ပါဘူးလို့လဲ ကတိပေးရမယ်..။ စိတ်ရင်းနဲ့တောင်းပန်ရမှာ.. ရယ်ရယ်မောမောနဲ့ လျှောချလို့မရဘူး..။ နောက်ဆိုရင် ဘာလုပ်လုပ် ရှောင်းကျန့်နဲ့ တိုင်ပင်ပြီးမှ လုပ်မယ်.. သူ့တယောက်ထဲ သဘောအတိုင်း မလုပ်တော့ပါဘူးလို့လည်း ကတိပေးရမယ်..။ ပြောရင်းနဲ့တောင် စိတ်တိုလာပြီ..။ ဟွားကျင်းကို အိမ်ပြန်ပို့တဲ့ လမ်းမှာ ဘာတွေဖြစ်ခဲ့လဲ တလုံးမကျန် ပြောပြရမယ်..။ ဒါတွေအားလုံးကို ရှောင်းကျန့် ပြောခိုင်းမှ မဟုတ်ပဲ သူ့ဟာသူ ဪ ငါ ဒါတွေ လုပ်သင့်ပါလားလို့ အသိတရားရပြီး အလိုလို ပြောရမယ်..။ သူ့ကို မျက်နှာငယ်လေး လာလုပ်ပြရုံနဲ့ အလျှော့မပေးဘူး..။ ပြီးတော့ ဘာကျန်သေးလဲ.. သူ့ကိုလဲ ကြင်ကြင်နာနာ ချော့ရမယ်.. ။ မဟုတ်လို့ကတော့ လုံးဝပြန်မလိုက်ဘူး..။
YOU ARE READING
မြေခွေးမိစ္ဆာလေးရဲ့ ပုံပြင်
Fanfictionနေသာတဲ့ တနေ့မှာ ကျင့်ကြံသူ ဝမ်ရိပေါ်ဟာ မြေခွေးလေးတကောင် ကောက်ရသတဲ့..