"ဝှား"
ရှောင်းကျန့် အိပ်ချင်သေးတယ်..။ မထချင်သေးဘူးလို့..။ သူ ဘေးမှ ဝမ်ရိပေါ်၏ ရင်ခွင်နွေးနွေးထဲ တိုးဝင်လိုက်သည်..။
"ဘုတ်"
နွေးထွေးသော ရင်ခွင်ကျယ်ကြီးထဲ တိုးဝင်သွားရမည့်အစား သူ့ကိုယ်လုံးလေးက လေဟာနယ်ကိုသာ တိုးမိပြီး ကြမ်းပေါ် ဘုတ်ကနဲ..။
အယ်.. ရိပေါ်လည်း မရှိဘူးရော..။ မေန့ညကမှ သူတို့ တူတူ အိပ်ရာဝင်တာကို..။ မနက်အစောကြီး ဘယ်သွားတာလဲမသိဘူး..။
ကြည့်ရတာ တောင်အောက်မှာ တစ္ဆေသရဲတွေ သောင်းကျန်းနေလို့ အရေးပေါ် ထွက်သွားတာနဲ့တူတယ်..။
ရှောင်းကျန့်က ပြုတ်ကျရက်သား အောက်မှာငုတ်တုတ်ကလေး..။ သူနှင့်အတူ စောင်တွေပါ လုံးထွေးပြီး ပြုတ်ကျလာသည်..။
တော်ပြီကွာ..။ အပေါ်ပြန်မတက်ချင်တော့ဘူး..။ ဒီမှာပဲ အိပ်လိုက်တော့မယ်..။
ရှောင်းကျန့် မြေခွေးအသွင်ပြောင်းလိုက်သည်..။ မြေခွေးငပျင်းလေးက စောင်ပုံထဲမှာ ခွေခွေလေး..။ ချမ်းလို့ထင်သည်..။ နားရွက်လေးက ကုပ်ကျလို့..။
ခဏနေတော့ အမြီးလေး တလှုပ်လှုပ်ဖြစ်ကာ နားရွက်ထောင်လာသည်..။
အိုက်ယား.. မွှေးလိုက်တာ..။ ဒါ.. ကြက်ဝတုတ်ကင်နံ့ပဲ..။
ကြက်ဝတုတ်ကင် စားမယ်..။ ကြက်ဝတုတ်ကင်..။
မြေခွေးလေးက မျက်လုံးတဖက်ထဲ ပျင်းရိပျင်းတွဲ အရင်ဖွင့်သည်..။ နောက်မှ နောက်တဖက်ဖွင့်လာသည်..။ ပြီးမှ အမြီးလေးတယမ်းယမ်းနှင့် အခန်းထဲမှ ထွက်လာတော့သည်..။
လူသားအသွင် ပြန်မပြောင်းချင်သေးဘူး..။ မြေခွေးအမွေးတွေကနွေးတယ်..။
သူ ထမင်းစားခန်းထဲ ဝင်လာတော့ စားပွဲပေါ်မှာ ကြက်ဝတုတ်ကင် ငါးကောင်တောင်..။ များကြီးပဲရော..။
မြေခွေးလေးက အမြီးလေး တနှံ့နှံ့နှင့် ကုလားထိုင်ပေါ် ခုန်တက်ပြီး ကြက်ဝတုတ်ကင် တကောင်ကို ထိုးဟပ်လိုက်သည်..။ သို့သော် မဟပ်ရသေးခင် ဂုတ်မှ စွေ့ကနဲ အမ,ခံလိုက်ရပြီး အပေါ်ကို မြှောက်တက်သွားသည်..။ သူ့ကို ကိုင်ထားတဲ့သူ လက်ထဲမှာ ဂုတ်ကနေ တွဲလောင်းလေး..။
YOU ARE READING
မြေခွေးမိစ္ဆာလေးရဲ့ ပုံပြင်
Fanfictionနေသာတဲ့ တနေ့မှာ ကျင့်ကြံသူ ဝမ်ရိပေါ်ဟာ မြေခွေးလေးတကောင် ကောက်ရသတဲ့..