Part - 47

489 44 91
                                    

ထန်ရုံက ရှောင်းကျန့် အကြံပေးတာကို နားထောင်ပြီး ဝမ်ရိပေါ်ကို အရမ်းကြီး မရှောင်တော့..။ အရင်လို အရမ်းရင်းရင်းနှီးနှီးမဟုတ်သော်လည်း မေးထူးခေါ်ပြောတော့ ရှိကြသည်..။ ထန်ရုံက ဒီလူကို နှစ်ရှည်လများ တမ်းတခဲ့ရတာ..။ ဒီလူနဲ့ မပတ်သက်ချင်ဘူးလို့ ပြော‌မိပေမယ့် စိတ်ထဲက ပါမပါ သူမလည်း မသေချာ..။

ထန်ရုံ နည်းနည်း ထူးဆန်းနေတာတော့ ဝမ်ရိပေါ် ရိပ်မိသည်..။ ဟိုမြေခွေးလေး သူ့အကြောင်း မကောင်းတာ တခုခု ပြောထားတာနေမယ်..။ ထန်ရုံ့ဘက်က ကြည့်လျှင်တော့ ပွေထားရှုပ်ထားပြီး ခုထိ ရိုးသားချင်ယောင်ဆောင်တုန်းလို့ ခံစားနေရသည်..။

ခုတော့ ထန်ရုံ့ အာရုံက တခြားမှာ..။ ရှောင်းကျန့်က ထန်ရုံ နားပူနားဆာ လုပ်နေတာကို နားညည်း၍ သူကြိုက်တဲ့ကောင်မလေးက ကောင်းကင်ဘုံက နတ်မိမယ်လေးဟု လျှောက်ပြောထားသည်..။ ဒီတော့ ထန်ရုံက နတ်မိမယ်တွေ မကောင်းကြောင်း လိုက်ရှာတော့သည်..။

ဒီနေ့တော့ ကြိုးစားသမျှ အရာထင်ပြီ..။

"ရှောင်းသခင်လေး!! အဲ့နတ်မိမယ်ကို မကြိုက်နဲ့တော့!"

"ဘာလို့လဲ"

"ရုံရုံ စာကြည့်တိုက်ထဲမှာ ဂျပန်သို့ ခရီးသွားခြင်းဆိုတဲ့ ပုံပြင်စာအုပ်တွေ့ခဲ့တယ်.. ပုံလေးတွေ လှလို့ လှန်ကြည့်ရင်း တနေရာရောက်တော့ နတ်မိမယ်တွေ အကြောင်း ရေးထားတာ တွေ့တယ်.. အဲ့ထဲမှာ ရေးထားတာ နတ်မိမယ်တွေက ရမ္မက်ကြီးတယ်တဲ့.. ကောင်းကင်ဘုံကိုရောက်ရင် နတ်ဘုရားတွေကို အလုပ်အကျွေးပြုရတာတဲ့.. ရှောင်းသခင်လေးကြိုက်နေတဲ့ နတ်မိမယ်လေးက ကိုယ်ကျင့်တရား မကောင်းလောက်ဘူး"

"ပုံပြင်စာအုပ်ပါဆိုမှ တကယ်ဟုတ်ပါ့မလား.. ဘယ်သူက ပျင်းပျင်းနဲ့ လျှောက်ရေးလဲမှ မသိတာ.. ပြီးတော့ ဂျပန်က တခြားနိုင်ငံတခုလေ.. ကောင်းကင်ဘုံမှ မဟုတ်တာ.. အဲ့မှာ နတ်မိမယ် ရှိပါ့မလား.. ရှိရင်တောင် အဲ့ဒါ သူတို့နိုင်ငံက နတ်မိမယ်နေမှာပေါ့.. ဟားဟား.. ရေးထားသမျှ လျှောက်ယုံပြီး ကျွန်တော့် နတ်မိမယ်လေးကို မစွပ်စွဲပါနဲ့"

ထန်ရုံ ခက်ခက်ခဲခဲ ရှာထားသမျှက ရှောင်းကျန့်စကားတခွန်းအောက်မှာ ကြေပျက်သွားသည်..။ ပုံပြင်စာအုပ်ကို အဟုတ်ထင်နေတာကိုက ရှက်စရာကြီး ဖြစ်နေပြီ..။ ထပ်ငြင်း၍ မကောင်းတော့..။

မြေ‌ခွေးမိစ္ဆာလေးရဲ့ ပုံပြင်Where stories live. Discover now