Part - 13

461 50 48
                                    

ဒီလိုနှင့် တနေ့တော့ ရှောင်းကျန့်တယောက် မုယွီကို ဝူကော်အကြောင်းမေးရန် အခွင့်အလမ်းရလာသည်..။ တိုက်ရိုက်တော့မမေး..။ သူမေးပုံက..

"စန့်ချင်ကျောင်းမှာလေ အရှင်သခင် ဝူကော်အကြောင်း ပြောနေကြတာ ကြားခဲ့တယ်.. သူက အရမ်းအစွမ်းထက်တာလားဟင်.. ကျန့်ကျန့် သူ့ကို မမြင်ဖူးဘူး"

ရှောင်းကျန့် ထင်တာက ရိပေါ်တို့နှင့် အလွန်ရင်းနှီးသည် ဆိုပေမယ့် ဒီတိုင်း ကျင့်ကြံသူ အချင်းချင်း မိတ်ဆွေ ဖြစ်ကြတာလောက်.. အချစ်ဆုံးမိတ်‌ေဆွလို ပုံစံမျိုးလောက် ထင်ထားခဲ့တာ..။ သူတို့ကြားက ဆက်ဆံရေးက ဘယ်လိုလဲတော့ မသိဘူး.. အမြဲတော့ အဆက်အသွယ်လုပ်ကြတယ်..။ အဲ့ကနေတဆင့် ဝူကော်အကြောင်း ရသလောက် သတင်းနှိုက်ရမယ်..။ အသုံးဝင်တာ မဝင်တာ အသာထား.. နည်းနည်းလောက် သိရလည်း အမြတ်ပဲ..။

ဝူကော်လို လူမျိုးက သူ့အားနည်းချက်ကို သူများတွေကို ပေးသိမှာတော့ မဟုတ်ဘူး..။ သိခဲ့ရင်တောင် မုယွီတို့က သူ့ကို အလွယ်တကူ ပြောပြမှာ မဟုတ်..။ သူ့ကို ပြောပြရင်တောင်မှ သူက ဝူကော်နဲ့ မျက်နှာချင်းဆိုင် တိုက်ခိုက်ဖို့ဆိုတာ အဝေးကြီး..။ ဒါပေမယ့် သူ သေရင်သေပါစေ.. ဝူကော့်ကို သတ်ဖို့ အစွမ်းကုန် ကြိုးစားရမယ်..။

မုယွီအဖြေက သူ့ခေါင်းပေါ် မိုးကြိုး ပစ်ချလိုက်သလိုပဲ..။ ဝူကော်က သူနဲ့ ရိပေါ်ရဲ့ မွေးစားအဖေဆိုလည်းဟုတ်.. ဆရာဆိုလည်း ဟုတ်သည်တဲ့..။ ငယ်ငယ်လေးကတည်းက သူတို့ကို ပညာသင်ပေးခဲ့တာတဲ့..။

ရှောင်းကျန့် အံ့အားသင့်သွားသည်..။ သူတို့ဒီလို ပတ်သက်မှုမျိုး ရှိကြလိမ့်မည်ဟု မမျှော်လင့်မိ..။ ရိပေါ်ပြောတာတော့ သူတို့မိသားစုက မြေခွေးမိစ္ဆာအပေါ်မှာ ကျေးဇူးကြွေးတင်နေသည်တဲ့..။ သူ့လို လမ်းဘေးမှာလဲနေတဲ့ မြေခွေးကိုတောင် ကောက်ခဲ့တာဆိုတော့ ရိပေါ်ကတော့ မလိမ်လောက်ဘူး..။ ပြီးတော့ မုယွီကလည်း ပေါင်းကြည့်လိုက်တော့ သိပ်မဆိုးရှာဘူး..။ သူတို့နှစ်ယောက်သာ ဝူကော်က မြေခွေးမိစ္ဆာတွေကို သုတ်သင်နေမှန်းသိရင် ဒီအတိုင်းငြိမ်နေမှာတော့ မဟုတ်ဘူး..။ ပြီးတော့ သိရဲ့သားနဲ့ တမင်ဖုံးထားတယ်ဆိုရင်တောင်မှ သူ့လို မြေခွေးမိစ္ဆာကို တွေ့ရင် ဝူကော့်ဆီ တန်းသတင်းပို့မှာပဲ..။ တခုရှိတာက သိရဲ့သားနဲ့ မွေးစားအဖေမို့ မပြောသာလို့ လက်ပိုက်ကြည့်နေရတာလည်း ဖြစ်တော့ဖြစ်နိုင်တယ်..။

မြေ‌ခွေးမိစ္ဆာလေးရဲ့ ပုံပြင်Where stories live. Discover now