Part - 37

436 45 71
                                    

A/N :  ဒီတပိုင်းပါပဲ.. နောက်တပိုင်းကျ မြေခွေးလေး ကြမ်းတော့မှာမို့ ဒိုးကို မခြိမ်းခြောက်ကြပါနဲ့လို့စ် 🥹

***

ကျောင်းဆောင်ထဲမှာ ထန်ရုံက ဝတ်ရုံကို ခြေသလုံးထိ မြှောက်ထားသည်..။ ခြေဖဝါးမှာ ဖိနပ်မပါ..။ ခြေကျင်းဝတ်မှာတော့ ဘုအကြီးကြီး ထ,နေသည်..။ ဝမ်ရိပေါ်က ခြေကျင်းဝတ်ကို ဆေးလိမ်းပေးနေလျက်..။

ရှောင်းကျန့် ပြေးဝင်လာသည်..။

"ရှောင်းသခင်လေး.. အဲ့ကျောက်ဆောင်က တက်ရတာ သိပ်ခက်တာပဲ.. ရုံရုံလဲကျပြီး ခြေထောက်ခိုက်မိသွားတာ ကြည့်ပါဦး.. လမ်းတောင်မလျှောက်နိုင်တော့ဘူး"

ထန်ရုံက နာကျင်နေဟန်ဖြင့် နှုတ်ခမ်းကိုက်ထားသည်..။ ဝမ်ရိပေါ်ဆေးလိမ်းလိုက်တိုင်း အင်္ကျီစကိုဆွဲထားသည့်လက်တို့က တင်းကြပ်သွား၏..။ ခြေကျင်းဝတ်မှာ အညိုအမည်းစွဲလျက်..။ လေးငါးရက်တော့ လမ်းမလျှောက်နိုင်လောက်ဘူး..။ ရှောင်းကျန့် ပါးစပ်ဟလိုက်စဉ်မှာပဲ ဝမ်ရိပေါ်က စကားပြောလာသည်..။

"ကလေးကို ကြည့်ပေးပါ‌ဆို ကျန့်ကျန့်ကပါ လိုက်ဆော့နေတယ်ပေါ့"

"ကိုကိုကလည်း မဆူပါနဲ့.. မတော်တဆဖြစ်သွားတာပါ.. ပြီးတော့ ရှောင်းသခင်လေးက ဧည့်သည်ပဲဥစ္စာ.. ဧည့်သည်ကို ပြန်ခိုင်းနေတာကိုက ကိုကိုမှားတာ.. ရုံရုံတို့ကတောင် ဧည့်ဝတ်ကျေပွန်ရဦးမှာကို.. "

ထန်ရုံက ရှောင်းကျန့်ဘက်လှည့်ပြီး အားနာဟန်ဖြင့် ပြုံးပြသည်..။

"တောင်းပန်ပါတယ် ရှောင်းသခင်လေး.. ရုံရုံ ဒဏ်ရာရသွားလို့ သခင်လေးနဲ့အတူ မဆော့ပေးနိုင်တော့ဘူး"

"ကျန့်ကျန့်ကို ကိုယ် အပြစ်တင်တာ မဟုတ်ဘူးနော်.. ထန်ရုံက ငယ်သေးလို့ နည်းနည်းပါးပါး စောင့်ရှောက်ပေးဖို့ ပြောတာ"

"ကိုကိုကလည်း.. ရုံရုံ နမော်နမဲ့နိုက်လို့ ဖြစ်တာပါဆို.. မပြောနဲ့တော့လို့"

"ကျွန်တော့်အပြစ်တွေပါ.. ဒီလိုလုပ်ပါလား.. ထန်ရုံနောက်နေ့ ဆော့ချင်ရင် ကျွန်တော် ကျောပိုးပြီး ပို့ပေးမယ်လေ.. ဘယ်လိုလဲ"

မြေ‌ခွေးမိစ္ဆာလေးရဲ့ ပုံပြင်Where stories live. Discover now