Part - 45

395 52 40
                                    

မြေခွေးလေးကတော့ ညတုန်းက အိပ်လိုက်တာ နှစ်နှစ်ခြိုက်ခြိုက်..။ မနေ့က သူ ရိပေါ်ကို တမင် စိတ်ညစ်အောင် ပြောလိုက်တာ..  ဟွန့်..။ ရိပေါ်မှာ အတူနေတော့တောင် အရင်လို မကြမ်းရဲတော့ဘူး..။ ရှောင်းကျန့်ကိုပဲ ကောင်းအောင်လုပ်ပေးပြီး သူ့သာယာမှုကို မရှာရဲဘူး..။ ‌အတော် လိမ္မာနေတာ..။

နောက်ဆုံးတော့ သူ ဝမ်ရိပေါ်ကို အနိုင်ကျင့်နိုင်ခဲ့ပြီ.. ဟိ..။

အနိုင်ကျင့်ရတဲ့ အရသာတွေ့သွားတော့ မြေခွေးလေးက လွယ်လွယ်နှင့် လျှော့မပေးချင်တော့..။ သူနိုးလာတော့ ရိပေါ် မနိုးသေး..။ တိတ်တိတ်လေး ထသွားမလို့ပဲ..။ သူနည်းနည်းလေး လှုပ်တာနဲ့ ရိပေါ်က ချက်ချင်း နိုးလာပြီး ဘာလုပ်မလို့လဲ မေးသည်..။

"ရိပေါ်နဲ့ ထန်ရုံမတည့်တော့ဘူးဆိုတော့ သူမကို ဆံပင်ဖြီးပေးမယ့်သူ မရှိဘူးလေ.. သွားဖြီးပေးမလို့"

"ကျန့်ကျန့်.. ဘာလို့ သူမအပေါ် အဲ့လောက်ကောင်းနေတာလဲ.. ကိုယ်က သူမအဖေကို ကျေးဇူးကြွေးရှိလို့.. ကျန့်ကျန့်က ဘာမှမှ မရှိတာ.. အဲ့လို လုပ်ပေးစရာ မလိုပါဘူး.."

"ကောင်းပေးတယ်ဆိုတာ ထန်ရုံက ချစ်စရာကောင်းပြီး လိမ္မာရေးခြားရှိလို့လေ.. ရိပေါ်တို့ သိကျွမ်းလာတာ ကြာပြီမလား.. ရိပေါ်ပဲ သူမက လူတိုင်းအပေါ် ဖော်ရွေတာဆို.. သူကောင်းမှတော့ ကိုယ်ကောင်းပေးရမှာပေါ့.. သဘောထား မသေးစမ်းပါနဲ့"

"ကျန့်ကျန့် သတိထားရမယ်နော်!"

ရှောင်းကျန့်တယောက် ဝမ်ရိပေါ်၏ ယောကျာ်းဆန်ဆန် ချောမောသော မျက်နှာကိုကြည့်ပြီး ဘာလို့ ဒီလောက် ပူပန်နေမှန်း နားမလည်မိ..။ အရင်က လောကမှာ ဝမ်ရိပေါ်ကို စိုးရိမ်ကြောက်ရွံ့စေတာ ဘာမှ မရှိဘူးလို့ ထင်ထားခဲ့တာကို..။

"ဘာ သတိထားရမှာလဲ"

"သူမရဲ့ စကားချိုချိုလေးတွေနဲ့ အရူးလုပ်မခံနဲ့.. အဲ့ကလေးမ ပါးစပ်ကသာ ချိုသာတာ.. တကယ်က___"

တကယ်က ကိုယ့်လောက် ကျန့်ကျန့်ကို ချစ်ပေးနိုင်မှာ မဟုတ်ဘူးလို့ ပြောချင်တာ..။ ဒါပေမယ့် သူ့အချစ်ကို ဒီလောက် စကားလုံးလေးနဲ့ ဖော်ပြရင် သေးနုပ်ရာကျမယ်..။

မြေ‌ခွေးမိစ္ဆာလေးရဲ့ ပုံပြင်Where stories live. Discover now