Part - 1

478 45 62
                                    

ဒီနေ့က ဝမ်ရိပေါ်၏ အမတ သူတော်စင်အဖြစ် ခံယူခြင်း အခမ်းအနားနေ့..။ ခေါင်းထက်က ငွေရောင်သရဖူက တလက်လက်.. ကျင့်ကြံသူ ဝတ်ရုံက ခမ်းခမ်းနားနား..။ ဝမ်ရိပေါ် သူ့ကျောင်းဆောင်ရှိရာသို့ အေးအေးဆေးဆေး လမ်းလျှောက်ပြန်လာနေသည့် အချိန်..။

သစ်ပင်အောက်မှာ မီးခိုးရောင် အမွေးများကို မြင်လိုက်ရသလိုပင်..။ ကြွက်လား?? သူ သေချာအောင် အနားတိုးကြည့်လိုက်သည်..။

မြေခွေးလှလှလေးပဲ.. ဒဏ်ရာရနေတာရော..။

"ဆရာသခင်.. ဆရာသခင်.. အာ့ ဘာလေးလဲ"

မြောင့်ဟယ်တောင်ပေါ်မှ မြောင့်ဟယ် ဘုံကျောင်းဆီ ဝမ်ရိပေါ် လှမ်းဝင်လာတော့ အထဲမှ ကျစ်ဆံမြီးကျစ်ထားသော ကလေးတယောက်က ခုန်ဆွခုန်ဆွ လုပ်ရင်း မေးသည်..။ သူ့မျက်လုံးများက ဝမ်ရိပေါ်‌ပွေ့ထားသော မြေခွေးလေးဆီမှ မခွာ..။

"မြေခွေးလေး"

ဝမ်ရိပေါ်ပြောတာကို ထိုကလေးက မျက်လုံးလေး ပေကလပ် ပေကလပ်နှင့် နားထောင်နေသည်..။

"ရှန်းဝမ့်.. အနောက်က တကောက်ကောက်လိုက်မနေပဲ ရေနွေးသွားခပ်ချည်"

"ဟုတ်!!"

ရှန်းဝမ့်က သူ့ခြေထောက် တုတ်တိုတိုလေးများနှင့် ပြေးသွားသည်..။

မြေခွေးလေးကို ရေချိုးပေးလိုက်မှ ရွှံ့ရောင်တွေ ပျောက်သွားသည်..။ မြေခွေးဖြူလေးပဲ..။ အမွေးတွေကလည်း ကျိုးတို့ကျဲတဲမရှိ..။ အမြီးဖွားဖွားလေးက သိပ်အကိုင်မခံ..။ ထိလိုက်တာနှင့် ပုန်းရှောင်ချင်သလို ဟိုလှုပ်သည်ယမ်း..။ မျက်နှာလေးကလည်း ‌သန့်ရှင်းသွားတော့ တွေ့ကာစထက် ပိုလှ‌လာသလို..။

။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
မြေ‌ခွေးမိစ္ဆာလေးရဲ့ ပုံပြင်Where stories live. Discover now