နွေဦးက မိစ္ဆာတွေ လှုပ်ရှားတတ်သည့်အချိန်..။ ဝမ်ရိပေါ်မှာ နေ့တိုင်း အလုပ်တွေ အပြည့်..။ အကုန်လုံးက မိစ္ဆာတွေချည်းပဲတော့ မဟုတ်..။ တချို့က စိတ်ဖောက်သွားသည့် တိရိစ္ဆာန်ရိုင်းတွေ..။ ဘာနေနေ အဓိကက ပြဿနာရှင်းပေးတာနဲ့ ငွေတွေ ပူဇော်ကြသည်..။
"ရှန်းဝမ့်!! အိတ်ကို ရှေ့နည်းနည်းတိုးလိုက်!!"
"ဟုတ်!!"
"ညာဘက် နည်းနည်းရွှေ့ဦး!!"
"ဟုတ်ကဲ့ သခင်လေး!!"
"အဆင်သင့်ဖြစ်ရင် မန္တန်ရွတ်တော့မယ်နော်!!"
"အဆင်သင့်ပဲ!!"
ရှောင်းကျန့်နှင့် ရှန်းဝမ့်က ဝတ်စုံအပြည့်..။ ဦးထုပ်တွေ ပဝါတွေ လက်အိတ်တွေနှင့်..။ တောထဲမှာ ပျားဖွတ်နေကြခြင်း..။
ရှောင်းကျန့် သစ်ကိုင်းကို လှမ်းခုတ်လိုက်တော့ ရှန်းဝမ့်ကိုင်ထားသည့်အိတ်ထဲ ပျားအုံက တည့်တည့်ကျသွားသည်..။ ရှန်းဝမ့်က အိတ်ကို အမြန်ချည်လိုက်သည်..။ ပြီးတော့ ပျားတွေ မလာခင် နှစ်ယောက်သား လုံးနေအောင် ထွက်ပြေးကြတော့သည်..။
အိတ်ထဲမှ ပျားအုံမှာလည်း ပျားတွေက တဝီဝီ..။ ရှန်းဝမ့်က မီးဖိုချောင်ထဲ ပြေးကာ မီးမွှေးသည်..။ ထို့နောက် မီးစွဲနေသော ထင်းချောင်းတခု ယူလာကာ အိတ်ကို အပေါက်သေးသေးလေးဖောက်ပြီး အထဲက ပျားတွေကို မီးခိုးမှိုင်းတိုက်သည်..။ ခဏကြာတော့ အထဲမှ ပျားတွေ အကုန်သေကုန်ပြီး ငြိမ်သွားကြသည်..။
ပျားအုံထဲမှ ပျားရည်ကို ကရားနှစ်ခုထဲ ခွဲထည့်သည်..။ ကရားတခုက ရှန်းဝမ့်ဖို့..။ ကရားတခုက မြေခွေးလေးဖို့..။ မြေခွေးလေးက ကရားထဲမှ ပျားရည်တွေကို လက်နှင့်ကလော်ကာ လျက်သည်..။
အွန်း.. အရမ်းချိုတာပဲ!!
ဒီရက်တွေမှာ ရှောင်းကျန့်ဖို့ လုပ်စရာ ဘာမှမရှိ..။ သူ ကျင့်ကြံဆင့်တိုးလာအောင် လေ့ကျင့်သည်..။ ဒါပေမယ့် တခုခုက ပိတ်ဆို့နေသလိုပဲ..။ သူ ကျင့်ကြံဖို့ စ,လိုက်တာနဲ့ သူမေ့ထားချင်သော အကြောင်းအရာတွေက ခေါင်းထဲမှာ ပြန်ပေါ်လာသည်..။ အသက်ရှူသံတွေပါ မတည်မငြိမ်ဖြစ်လာပြီး သူ့ချီစွမ်းအင်တွေက ဖရိုဖရဲဖြစ်ကာ သစ်ပင်တပင်ကိုပါ လဲကျသွားစေသည်..။ သူ စိတ်ရှုပ်ရှုပ်နှင့် သွားကြည့်ရင်း မလှမ်းမကမ်းမှာ ပျားအုံတအုံတွေ့လို့ ရှန်းဝမ့်ကို ခေါ်လိုက်တာ..။
YOU ARE READING
မြေခွေးမိစ္ဆာလေးရဲ့ ပုံပြင်
Fanfictionနေသာတဲ့ တနေ့မှာ ကျင့်ကြံသူ ဝမ်ရိပေါ်ဟာ မြေခွေးလေးတကောင် ကောက်ရသတဲ့..