Part - 9

240 36 53
                                    

ရှောင်းကျန့်တယောက် ဝမ်ရိပေါ် ရင်ခွင်ထဲတွင် လှဲလျောင်းပြီး နှစ်ယောက်သား အိပ်လိုက်ကြသည်မှာ မွန်းတည့်ထိ မနိုး..။

မွန်းလွဲချိန်မှ ဝမ်ရိပေါ်တယောက် နိုးလာသည်..။ သူ လေကောင်းလေသန့်ရဖို့ တံခါးလှမ်းဖွင့်လိုက်သည်..။ သူ့ဆံပင်က လျော့ရဲရဲ ရင်ဘတ်က ဟပြဲ..။ ရင်ဘတ်ပေါ်မှာ ရှောင်းကျန့်ဖိအိပ်ထားသဖြင့် အရာတွေ ထင်နေသည်..။ သူတံခါးကို ဖွင့်လိုက်တော့ မုယွီတယောက် ရှေ့မှာရပ်နေသည်..။

"အစ်ကိုကြီး ကျွန်တော်__"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"အစ်ကိုကြီး ကျွန်တော်__"

ဒီမိစ္ဆာလေးကို အစ်ကိုကြီး မျက်နှာသာပေးတာ ကျေးဇူးကြွေးတွေ ဘာတွေ ရှိလို့လို့ ထင်ထားတာလေ..။ ခုတော့ အလှလေးမို့ ပစားပေးထားတာတဲ့လား..။ တကယ်ဆို ကျင့်ကြံသူတယောက်က မိစ္ဆာနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး..။ ပြီးတော့ အစ်ကိုကြီးရဲ့ သိက္ခာတရားနဲ့ မ,ဘက်လိုက်ပြီး မိုက်ဘက်ပါလို့ ကိုယ့်ညီလို နှစ်ပေါင်းများစွာ နေလာခဲ့သူကို ရိုက်တယ်ဆိုတာ ဖြစ်ကို မဖြစ်သင့်တာ..။ မုယွီမှာ ကိုယ့်ဟာကိုယ် သိမ်ငယ်သလို ခံစားလိုက်ရပြီး အစ်ကိုကြီးအတွက်လည်း ဝမ်းနည်းမိသည်..။

ဝမ်ရိပေါ်က ရင်ဘတ်က အင်္ကျီကို ဆွဲစေ့လိုက်သည်..။ လေတဖြူးဖြူးတိုက်နေပြီး မုယွီခြေရင်းမှာ သစ်ရွက်ကြွေတွေ စုပုံနေကြောင်းတွေ့လိုက်ရသည်..။

"မင်းဒီမှာ ရပ်နေတာ ဘယ်လောက်ကြာပြီလဲ"

"အစ်ကိုကြီးတို့ကိုက်.. အဲ.. အစ်ကိုကြီးတို့ စကားပြောကြကတည်းက"

မုယွီမှာ ‌မျက်နှာ မထားတတ်..။ ဝမ်ရိပေါ်က ငယ်ကတည်းက သူ့အစ်ကိုကြီးလို ဖြစ်နေတော့ အပြစ်လည်း မတင်ရဲ..။

မြေ‌ခွေးမိစ္ဆာလေးရဲ့ ပုံပြင်Where stories live. Discover now