"ဒါပေမယ့် သခင်မကြီးနဲ့ ပုရောဟိတ်က ဘာမှဖြစ်ချိန်မရလိုက်ဘူး ဟုတ်တယ်မလား"
"ဟုတ်တယ်။ ဝမ်အိမ်ကို လာဝိုင်းတော့မှ ကျွန်တော်ရိပ်မိတာ။ ဒါပေမယ့် နောက်ကျသွားပြီ။ အဲ့အချိန်ကသာ ကျွန်တော်ပြောပြခဲ့ရင် ပုရောဟိတ်ရယ် ဘုရင်ရယ် မယ်မယ်ကြီးရယ် မိဘုရားရယ် ပူးပေါင်းကြံစည်မှုကို တားဆီးနိုင်မှာ။ ဒီကပ်ဆိုးက မလွတ်နိုင်ဘူးလို့ ထင်ပေမယ့် ကျွန်တော့်လို အသုံးမကျတဲ့ကောင်က အစ်ကိုကြီးနဲ့အတူ လွတ်မြောက်ခဲ့တယ်။ အဲ့နောက်ပိုင်းမှာ အစ်ကိုကြီးက သူ့မိဘအကြောင်းတွေးမိတိုင်း မျက်နှာမကောင်းဘူး။ ဖြစ်ပြီးတာက ပြီးသွားပြီပဲလေ။ ခုမှ ကျွန်တော်သွားပြောရင် အစ်ကိုကြီးက လက်တုံ့ပြန်ဖို့ ကြိုးစားမှာ။ အဲ့ကျ သူပဲ ထိခိုက်ရလိမ့်မယ်။ တခြားလူတွေလို မြေခွေးမိစ္ဆာတွေကိုပဲ အပြစ်တင်လိုက်ရင် ပြီးရောလို့။ ဒါပေမယ့် သူက မြေခွေးတွေကို မမုန်းဘူး။ သခင်လေးကိုတောင် အရမ်းချစ်ပေးသေးတယ်။ ကျွန်တော် အစ်ကိုကြီးပေါ်မှာရော သခင်မကြီးပေါ်မှာရော ဝမ်စံအိမ်တခုလုံးက လူတွေ အပေါ်မှာရော အပြစ်ကျူးလွန်မိပါတယ်"
"အဲ့ဒီတော့ ငကြောက်တယောက်လို စာကြည့်တိုက်ထဲ ပုန်းနေတာပေါ့?"
"ဟုတ်တယ်။ ဒီလိုမှမဟုတ်ရင် ကျွန်တော့်ရင်ထဲက အပြစ်ကြွေးတွေ ကျေမှာ မဟုတ်လို့"
***
တဖက်မှာ ထန်ရုံက ဖေဖေက ဆွေးနွေးခိုင်းလိုက်လို့ဆိုကာ ရိပေါ်နှင့် စကားပြောနေသည်။ သူမက လက်ဖက်ခြောက်အချို့ကို ထုတ်ကာ ရေနွေးထဲခတ်ပြီး ဝမ်ရိပေါ်ဆီ ကမ်းပေးလိုက်သည်။
"ဖေဖေက ဒီလက်ဖက်ခြောက်လေး ပေးခိုင်းလိုက်လို့။ နွေဦးရာသီရဲ့ ပထမဆုံး လက်ဖက်အဖူးအညွန့်လေးတွေကို မီးနွေးနွေးနဲ့ လှော်ထားတာ။ အရမ်းသောက်လို့ကောင်းတယ်"
ဝမ်ရိပေါ်က ဘာလက်ဖက်ခြောက်လဲတော့ နားမလည်ပေမယ့် တငုံမြည်းကြည့်လိုက်သည်။
"အား.. အရမ်းကောင်းတာပဲ"
ပြီးတာနှင့် သူက တရှိန်ထိုး မော့ချလိုက်သည်။
ထန်ရုံက သူသောက်နေသည်ကို သေချာကြည့်နေပြီးမှ မသေချာမှာစိုးလို့ နောက်တခွက် ထပ်ငှဲ့ပေးသည်။
YOU ARE READING
မြေခွေးမိစ္ဆာလေးရဲ့ ပုံပြင်
Fanfictionနေသာတဲ့ တနေ့မှာ ကျင့်ကြံသူ ဝမ်ရိပေါ်ဟာ မြေခွေးလေးတကောင် ကောက်ရသတဲ့..