"ကိုယ်ငယ်ငယ်တုန်းက လူသားတွေနဲ့ မိစ္ဆာတွေကြား ဒီလောက်ဆက်ဆံရေး မဆိုးသေးဘူး.. လူကောင်းလူဆိုးရှိသလို မိစ္ဆာမှာလည်း အကောင်းအဆိုးရှိမှန်း လက်ခံထားကြသေးတုန်းပဲ...
ကိုယ်အရင်က ကျန့်ကျန့်ကို ပြောဖူးတယ်လေ.. ကိုယ့်အိမ် မီးလောင်ခါနီး မြေခွေးမိစ္ဆာ အော်သံကြောင့်နိုးလာတယ်ဆိုတာ..
ကိုယ့်ပါးက လွှတ်တော်အမတ်ဆိုတော့ သူ့အိမ်မှာ ဖြစ်တဲ့ ကိစ္စကို တမြို့လုံးက သိသွားရော.. ဘုရင်ကြီးကတောင် အဲ့အကြောင်းနဲ့ ပတ်သက်ပြီး ပါးကို သေချာ ခေါ်မေးသေးတယ်.. နတ်ဘုရားတွေနဲ့ မိစ္ဆာတွေ အကြောင်းဆို လူတွေက သိပ်စိတ်ဝင်စားတာလေ.. လူတိုင်းက ကိုယ်တို့မိသားစုကို မြေခွေးမိစ္ဆာ စောင့်ရှောက်နေတယ်လို့ ပြောကြတာနဲ့ မားက မြေခွေးမိစ္ဆာအတွက် အိမ်မှာ နတ်ကွန်းတခု လုပ်ပေးလိုက်တယ်..
ဒါပေမယ့်လေ.. လူတွေက သိပ်ကြောက်စရာ ကောင်းတာပဲ.. အကောင်းပြောတာလဲ သူတို့ပဲ.. အပြစ်တင်တာလည်း သူတို့ပဲ..
နှစ်နှစ်သုံးနှစ်လောက်နေတော့ နန်းတော်ထဲမှာ ကိစ္စတခု ဖြစ်သွားတယ်.. ပြောကြတာက လပြည့်ညမှာ ဟွမ်ဟုတ်မိဖုရားကြီး ဝေါယာဉ်စီးပြီး ပြန်လာတုန်း နတ်ကွန်းတစ်ခုနားကဖြတ်တော့ ရင်ဘတ်တွေ အောင့်လာတယ်တဲ့.. ဟွမ်ဟုတ်က ဝေါယာဉ်ပြတင်းကနေကြည့်လိုက်တော့ လူခန္ဓာကိုယ်နဲ့ မိစ္ဆာခေါင်းရှိတဲ့ တစုံတယောက်က သူမကို ကြည့်နေတာတဲ့.. ဟွမ်ဟုတ်မှာ လန့်လွန်းလို့ မေ့လဲသွားတယ်တဲ့.. အပျိုတော်တွေက ဟွမ်ဟုတ် အော်သံကြားလို့ လှည့်ကြည့်တော့ လူခန္ဓာကိုယ်နဲ့ မြေခွေးခေါင်းရှိတဲ့ မိစ္ဆာက အနက်ရောင်အခိုးအငွေ့တွေအဖြစ် ပြောင်းပြီး နတ်ကွန်းထဲ ဝင်ပြေးသွားတယ်တဲ့..
ဟွမ်ဟုတ်က ညညဆို အိပ်မပျော်တော့ဘူး.. အဲ့နေ့ညက မိစ္ဆာက သူမကို ကျိန်စာတိုက်သွားတာတဲ့.. အဲ့ဒါလည်း မိဖုရားကြီးနားက လူတွေပဲ ပြောတာပဲ.. မြင်လိုက်တဲ့လူက လက်တဆုပ်စာတောင် မရှိ သက်သေလည်းမရှိဘူး.. အဲ့မိစ္ဆာဝင်သွားတဲ့ နတ်ကွန်းက နတ်ဘုရား ရုပ်ထုတွေ ထားတဲ့နေရာလေ.. ဒါက လူသားတွေကို ကြောက်လန့်စေတယ်.. ဖြစ်ချင်တော့ အဲ့နှစ်က မိုးခေါင်ပြီး စိုက်ပျိုးရေး မဖြစ်ထွန်းဘူး.. အငတ်ဘေးကြောင့် လူတွေ သေကြရတယ်.. လူတွေက နတ်ဘုရားတွေကို ပူဇော်ပ,သ,ရမယ်လို့ ပြောလာကြတယ်..
YOU ARE READING
မြေခွေးမိစ္ဆာလေးရဲ့ ပုံပြင်
Fanfictionနေသာတဲ့ တနေ့မှာ ကျင့်ကြံသူ ဝမ်ရိပေါ်ဟာ မြေခွေးလေးတကောင် ကောက်ရသတဲ့..