Part - 46 🔞🔞

661 40 41
                                    

ထန်ရုံက ရှောင်းကျန့်ထင်သလို လွယ်လွယ်နှင့် လက်လျှော့မသွား..။ ကြည့်ရတာ ဘယ်ကမှန်းမသိတဲ့ ချစ်သူက ဆောင်ကြာမြိုင်က မိန်းကလေးလောက် မဆိုးလို့လားမသိ..။

သူ့ကိုယ်သူတော့ ဆောင်ကြာမြိုင်သူတွေနဲ့ ပွေရှုပ်တယ်လို့ ထပ်ပြောရင် မယုံလောက်တော့ဘူး..။ ပြီးတော့ သူ့နာမည်တော့ ပျက်ခံလို့ မဖြစ်ဘူးမလား..။

ဒီကလေးမကလည်း တခုခုတော့ တခုခုပဲ.. နေ့တိုင်း လင်အကြောင်းသားအကြောင်းပဲ တွေးနေတယ်..။ ရှောင်းကျန့်က လွတ်လွတ်လပ်လပ်ပဲ နေချင်တာ..။ ဘယ်ရိုးရာဓလေ့မှ မရှိသလို ဘာစည်းကမ်းမှလဲ သိပ်မလိုက်နာဘူး..။ ထန်ရုံက အဲ့ဒါကို သိတော့ သူ့နားကပ်ပြီး တတွတ်တွတ်ပြောနေတော့တာ..။ ဟိုလို အရမ်းကပ်နေတာတော့ မဟုတ်ဘူး..။ ပြုံးပြုံးပြုံးပြုံးနဲ့ ဆိုတော့ မောင်းထုတ်လို့လည်း အဆင်မပြေ..။ စကားပြောတာကလည်း ချိုသာ.. မြှောက်ကလည်း မြှောက်တတ်တော့ သူမနဲ့ ကစားရတာ ဘယ်သူ မပျော်ပဲ ရှိမလဲ..။

ရှောင်းကျန့်လည်း ပျော်တော့ပျော်သည်..။ ထန်ရုံပြောသမျှကို ငြင်းသာငြင်းတာ..။ ထန်ရုံက လက်မလျှော့..။ တကောက်ကောက်လိုက်ပြီး တတွတ်တွတ်ပြောနေဆဲ..။ ဒါပေမယ့် သူတို့နှစ်ယောက်ကို အမြဲတတွဲတွဲ မြင်နေရတော့ ဝမ်ရိပေါ်က ရှာလကာရည်သောက်တော့သည်..။ သူကလည်း တမှောင့်..။ ရှောင်းကျန့်နားကပ်ပြီး ဟိုမေးသည်မေး..။ လင်ယောကျာ်း တခြားမိန်းမနဲ့ စကားပြောတာကို မိလို့ တရားခံစစ်စစ်နေတဲ့ ဇနီးသည်လေးလိုပဲ..။

"သူမက ဘာမှမပြောဘူးလို့!!"

"ဒါဆို ဘာလို့ နားနားကပ်ပြီး တိုးတိုးလေးပြောနေတာလဲ.. ပုံမှန်အတိုင်းပြောလို့ ရတယ်လေ.. မှန်မှန်ပြော.. ရည်းစားစကားပြောနေတာ မလား"

"မဟုတ်ဘူးလို့!"

"ဒါဆို ဘာပြောတာလဲ"

"အဲ့ဒါက.... မသိတော့ဘူး.. ပျင်းစရာကောင်းတာတွေ ဘယ်သူက မှတ်မိမှာလဲ"

"........"

ဝမ်ရိပေါ်က သံသယမကင်းသေး..။

"နောက်တခါဆို အဲ့လိုမလုပ်ပဲ အနားကပ်မခံနဲ့.. ကြားလား"

မြေ‌ခွေးမိစ္ဆာလေးရဲ့ ပုံပြင်Where stories live. Discover now