Part - 21

475 48 35
                                    

နှစ်သစ်ကူးပြီးလျှင် ရှောင်းကျန့်လည်း အသက်တနှစ်ကြီးလာပြီပေါ့..။  မိစ္ဆာအနေနှင့်တော့ အသက်တနှစ်ကြီးလာတာ ဘာမှ သိပ်ထူးထူးခြားခြားမရှိ..။ အရင်ကထက် ပိုလှလာလိမ့်မည်..။ သူသာ ကြိုးစားလေ့ကျင့်ရင် ကျင့်ကြံဆင့်လည်း မြင့်လာလိမ့်မည်..။

ခုတော့ တောင်ပေါ်တက်လာပြီးကတည်းက သူ အပျင်းတစ်နေသည်..။ သူ့မှာ လက်စားချေဖို့ တာဝန်ကြီးတခု ကျန်နေသေးကြောင်း ရှောင်းကျန့်သိသော်လည်း ဒီလို ခက်ခဲပင်ပန်းသည့် အရာကို ရှောင်လို့ရသမျှ ရှောင်ချင်သေးသည်..။

နှစ်သစ်ကူး ပြီးလျှင် မြေခွေးမျိုးနွယ်တို့ရဲ့ သွေးကြွေးက တနှစ်တိုးပြီး ဆယ်နှစ်ဖြစ်သွားပြီ..။ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ရှောင်းကျန့်က အဆော့မက်သည့် မြေခွေးလေးပါပဲ..။ သေခြင်းရှင်ခြင်းတွေကို သိပ်မပူပန်သေးဘူး..။ နောက်တော့ သူ့အနီးအနားက သူတွေ တယောက်ပြီးတယောက် လေတိုက်တိုင်းငြိမ်းသည့် ဆီမီးခွက်တွေလို တဖြုတ်ဖြုတ် ပျောက်ကွယ်ကုန်ကြသည်..။

အတော်ကြာမှ သူ ဝူကော်အကြောင်းသိလာတာ..။ အဲ့တုန်းက မြေခွေးမျိုးနွယ်မှာ များများစားစား မကျန်တော့..။ သူ့မှာ သွေးသားရင်းချာထဲက အစ်မတယောက်သာ ကျန်တော့သည်..။ သူ့မမက မြေခွေးမျိုးနွယ်ထဲမှာ ဉာဏ်အကောင်းဆုံး..။ ရှောင်းကျန့် မမနောက် တကောက်ကောက်လိုက်ရင်း မမတွေးခေါ်ပုံတွေကို သင်ယူခဲ့လို့ ခုချိန်ထိ အသက်ရှင်နိုင်တာ..။

မြေခွေးတွေ ပျောက်သည့်ကိစ္စမှာ မမလည်း ဘာမှ မတတ်နိုင်..။ ဘယ်လို ပျောက်သွားမှန်း ဘယ်သူမှ မသိလိုက်..။ ပျောက်သွားသည်ကလည်း အစီအစဉ်တကျမရှိ..။ တခါတလေ တကောင်ထဲ ပျောက်သွားသည်..။ တခါတလေကျ နှစ်ကောင်..။ တခါတလေကျ အုပ်စုလိုက်ကြီး..။

ကျန်ခဲ့တဲ့ မြေခွေးတွေ အချင်းချင်း တိုင်ပင်ဆွေးနွေးကြသည်..။ ခဏခဏ စည်းဝေးကြသော်လည်း အရေအတွက်တွေသာ လျော့လာသည်..။ အဖြေ ရှာမတွေ့..။ ‌ကောက်ချက်ချနိုင်သည့် အရာက တခုထဲ..။ ပျောက်သွားသည့် မြေခွေးတွေအားလုံး တယောက်မှ ပြန်မတွေ့တော့..။ သေသွားတာပဲ ဖြစ်ရမည်..။ သို့ရာတွင် သွေးတစက်မျှ မကျန်ခဲ့..။ တိုက်ခိုက်မှုက လျင်မြန်လွန်းသည်..။ သူတို့ဝိဉာဉ်ကိုပါ ဆင့်ခေါ်၍ မရ..။ စိတ်ဝိဉာဉ်ကိုပါ တစမကျန် ဖျက်ဆီးနိုင်သူ.. အဆင့်မြင့် ကျင့်ကြံသူပဲ ဖြစ်ရမည်..။ ဘာလို့ သူတို့ကို ပစ်မှတ်ထားနေတာလဲ..။ မိစ္ဆာမျိုးနွယ် အချင်းချင်း မဟုတ်တာတော့ သေချာသည်..။ မိစ္ဆာအချင်းချင်းဆို ‌အလောင်းတွေ အနည်းဆုံး သွေးတွေတော့ ကျန်ခဲ့မှာ..။ ဝိဉာဉ်တောင် ရှာမရလောက်အောင် မလုပ်နိုင်..။ ဒီလောကမှာ မိစ္ဆာဝိဉာဉ်တွေကိုပါ ဖျက်ဆီးနိုင်တာ ကျင့်ကြံသူတွေပဲ ရှိသည်..။

မြေ‌ခွေးမိစ္ဆာလေးရဲ့ ပုံပြင်Where stories live. Discover now