Part - 8

283 40 49
                                    

နောက်ကျောမှ ဒဏ်ရာတွေနှင့် ကပ်နေသော အင်္ကျီကို ဝမ်ရိပေါ်က ရေနွေးနွေးနှင့်စိမ်၍ သေချာခွာပေးသည်..။ သူ့အပြုအမူတွေက ရှောင်းကျန့် နာကျင်သွားမှာစိုး၍ နူးနူးညံ့ညံ့..။

"ကျန့်ကျန့် သတိရပြီလား"

အပြင်မှာ ဝုန်းဒိုင်းကျဲနေမှတော့ ဒီမြေခွေးလေး နိုးလောက်ပြီ..။ စကားမပြောချင်လို့ ပေအိပ်နေတာ..။

"အွန်း"

ရှောင်းကျန့်က ပလုံးပထွေးပြောသည်..။

"အရမ်းနာနေမှာပဲ.. ကိုယ်တော် ဆေးလိမ်းပေးမယ်နော်"

ဝမ်ရိပေါ်က ဒဏ်ရာမှ သွေးစတွေနှင့် ခြောက်ကပ်ပြီး ကျောပေါ်မှာ ကပ်နေသော အင်္ကျီစကို ရေနွေးလေးနှင့် အသာဆွတ်ပေးသည်..။

"ကိုယ်တော့် အပြစ်တွေပါ.. ကျန့်ကျန့်က ကိုယ်တော့်ကို သတိတရ ရှိမယ်လို့ မထင်မိလို့ ကျောက်စိမ်းလက်စွပ်ကို စောစော မကြည့်မိလိုက်ဘူး"

"ဒီ့ထက် နောက်ကျရင် ကျန့်ကျန့်အလောင်းပဲ ကောက်တော့"

ရှောင်းကျန့်က စိတ်ဆိုးမာန်ဆိုးပြောသည်..။

"မုယွီက ခေါင်းမာလွန်းတယ်.. ငယ်ငယ်လေးကတည်းက တောင်ပေါ်တက်လာတာဆိုတော့ အပြင်လောကနဲ့လည်း အဆက်အဆံမရှိဘူး.. သူတော်စင်မှန်ရင် မိစ္ဆာတွေ့ရင် ဖမ်းရမယ်ပဲ သိတာ.. ကျန့်ကျန့်ကို မိစ္ဆာမှန်းသိတော့.... ထားပါလေ.. ကိုယ့်အပြစ်တွေလည်း ပါတယ်.. ကျန့်ကျန့်ကို သူနဲ့ မိတ်မဆက်ပေးထားမိဘူး"

ဝမ်ရိပေါ် သူ့ညီကိုလည်း သံယောဇဉ်ရှိရှာသေးတော့ ပစ်ပစ်ခါခါ မလုပ်ရက်..။

"ကျန့်ကျန့်လည်း ခုတော့ ဒဏ်ရာကြီးကြီးမားမား မရတော့ တော်သေး‌တာပေါ့.. ဒါ‌ေပမယ့် ကိုယ်သူ့ကို သေချာပေါက် အပြစ်ပေးမှာပါ.. ခုနကတောင် လက်ဝါးတချက် ရိုက်လိုက်သေးတယ်.. သူ့ကို ကျန့်ကျန့်ကြိုက်တဲ့ အပြစ်ထပ်ပေးလေ.."

ရှောင်းကျန့်က ဟိုဘက်လှည့်သွားသည်..။

"ကျန့်ကျန့်.. ကျန့်ကျန့် အသက်အန္တရာယ်ရှိခဲ့တယ်ဆိုတာ ကိုယ်‌ေတာ်နားလည်ပါတယ်.. ကျန့်ကျန့်ကျေနပ်အောင်လည်း ကိုယ်တော် မဖြေရှင်းပေးနိုင်ဘူး.."

မြေ‌ခွေးမိစ္ဆာလေးရဲ့ ပုံပြင်Where stories live. Discover now