Chapter 36

371 53 7
                                    


မနက်မိုးသောက်အချိန်တွင် မုဒြာသည် ဆီမီးခွက်များတင်ထားသည့်ဗန်းလေးကိုကိုင်လျက် စံအိမ်ပေါ်ကနေဆင်းလာခဲ့သည်။

မနေ့ညက မိုးရွာထားတာကြောင့် ပတ်ဝန်းကျင်မှာ စိုထိုင်းထိုင်းနှင့် အေးမြလို့နေပြီး မြူများလည်း ဆိုင်းနေသည်။ ထို့အပြင် ခြံဝန်းတစ်ခုလုံးလည်း တိတ်ဆိတ်လျက် ကျေးငှက်သာရကအသံများသာကြားနေရ၏။

အောက်ထပ်သို့ဆင်းမည်ပြုစဥ် လှေကားပေါ်သို့ ကုတ်ချောင်းကုတ်ချောင်းတက်လာသည့်ဘုန်းအသင်္ခါနှင့်ဆုံမိကြလေသည်။

" ဘယ်ကနေ ပြန်လာတာလဲ "

မုဒြာအသံကြောင့် ဘေးဘီငေးမောနေသည့်ဘုန်းအသင်္ခါတစ်ယောက် လန့်ဖြန့်သွားသည်။ နောက်တော့ မုဒြာထံသို့လှည့်ကြည့်လာပြီး သွားပေါ်သည်အထိပြုံးရယ်ပြလိုက်လေသည်။

" ကမ်းခြေကနေ ပြန်လာတာလေ "

" ဟုတ်လို့လား "

" ဟုတ်ပါတယ် "

ပုံမှန်အတိုင်း ဘုန်းအသင်္ခါပြုံးနေပေမယ့် လက်မောင်းကိုတော့ တရစပ်ကုပ်နေသည်။ ထိုအပြုအမူမှာ စိတ်မလုံမလဲဖြစ်နေသည့်အမူအရာမှန်း မုဒြာကောင်းကောင်းသိသည်။

" ဟင် သွေးနံ့...သင် ဒဏ်ရာရလာတာလား "

နှာခေါင်းထဲ ဖျတ်ခနဲရလိုက်သည့်သွေးနံ့ကြောင့် မုဒြာ မျက်မှောင်ကြုပ်လိုက်သည်။ ထို့နောက် ဘုန်းအသင်္ခါ၏အင်္ကျီကို လှန်ကြည့်ဖို့လုပ်လေသည်။

" ဘာမှမဖြစ်ပါဘူး...အ့ "

အင်္ကျီစကို အတင်းဆွဲလိုက်မိတာကြောင့် ဘုန်းအသင်္ခါမှာ နာသွားပုံရသည်။ ထို့ကြောင့် မုဒြာလည်း အတင်းအကြပ်မလုပ်ရက်တော့ပဲ အဝတ်စကို ချက်ခြင်းလွှတ်ပေးလိုက်လေသည်။

ခဏကြာတော့ လေသံအေးအေးနှင့် ​ဖြောင့်ဖျ​သည်။

" ကျွန်ုပ်တို့ ငယ်ငယ်က ကတိပေးထားကြတယ်လေ။ အရေးကြုံလာရင် တစ်ယောက်ကိုတစ်ယောက်ဖေးမကြမယ်။ တစ်ယောက်ကိုတစ်ယောက် ဘယ်တော့မှထားမသွားဘူး။
တစ်ယောက်နဲ့တစ်ယောက်လည်း ပွင့်ပွင့်လင်းလင်းတိုင်ပင်ကြမယ်ဆိုပြီး..။ သင့်ရဲ့ ဒဏ်ရာကို ခဏပြပါ။ ကျွန်ုပ် သင့်ကို ဘာမှမပြောပါဘူး"

 ပုဂ္ဂိုလ်Where stories live. Discover now