Chapter 27

1.7K 224 25
                                    


စိတ္တကျွန်းနှင့် မိုင်အတော်ကွာဝေးသည့်ကမ်းခြေဘက်တွင်တော့ ပွဲဈေးတစ်ခုမှာ စည်ကားစွာဖြင့်ကျင်းပလို့နေလေသည်။ 

ဘုန်းမော်မှာမူ ယခုအချိန်ထိအိမ်သို့မပြန်ရသေးပဲ ဟေမာန်နှင့်အတူ ပွဲဈေးလျှောက်ပတ်နေရ၏။ စက်ဘီးကို ဟေမာန်ကမောင်ပိုင်စီးထားသဖြင့် ဘုန်းမော်အနေနှင့်ပြန်ချင်တိုင်းလည်းပြန်လို့မရခဲ့ပေ။

ပွဲဈေးမှာ မည်သည့်အထိမ်းအမှတ်အတွက်ကျင်းပနေမှန်း ဘုန်းမော်မသိသော်လည်း လူအများကပန်းများဖြင့်ပြုလုပ်ထားသည့်ဖောင်ငယ်များကို ဆီးမီးထွန်းကာ ပင်လယ်ထဲသို့မျှော်နေကြသဖြင့် အတန်ငယ်တော့စိတ်ဝင်စားမိသည်။

" သား ပင်လယ်နတ်ဘုရားကိုပူဇော်ရင်…ပင်လယ်နတ်ဘုရားက သားကို စာမေးပွဲအောင်အောင်ကူညီပေးမှာလား မေမေ "

ထိုစဉ် ကလေးငယ်တစ်ဦးက မပီကလာပီကလာဖြင့် မိခင်ဖြစ်သူကိုမေးလိုက်သည်။ မိခင်ဖြစ်သူကလည်း ရယ်မောကာပြန်ဖြေသည်။

" ဒါပေါ့ သားရဲ့။ မေမေကတော့ သားဖေဖေသင်္ဘောတက်သွားတာ အန္တရာယ်ကင်းအဆင်ပြေပါစေလို့ပဲ ဆုတောင်းတယ် "

" ဟုတ်သား ဖေဖေ့အတွက်လည်း ဆုတောင်းရဦးမှာပဲ။ ဒါနဲ့ မေမေ… ဒဏ္ဍာရီတွေထဲမှာ ပင်လယ်နတ်ဘုရားက လူအဖြစ်ဖန်ဆင်းပြီး ဆုတောင်းသူတွေရဲ့အသံကို လာနားထောင်တယ်ဆို အဲ့ဒါတကယ်လား။ ဒါဆို နတ်မင်းကြီးက ဒီမှာရှိနေမှာပေါ့နော် "

" အင်း…အဲ့ဒါက ဒီလိုရှိတယ်သားရဲ့။ တစ်ခါတုန်းက ပင်လယ်ပျော်လို့ခေါ်တဲ့ ပင်လယ်ကြီးကိုအရမ်းချစ်တဲ့ကလေးတစ်ယောက်ရှိခဲ့ဖူးတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ အဲ့ကလေးရဲ့မိဘတွေက ခရီးထွက်ရင်း မုန်တိုင်းမိပြီး လှေမှောက်ဆုံးပါးသွားခဲ့တယ်လေ။ အဲ့ဒီအခါ ကလေးငယ်က စိတ်အရမ်းထိခိုက်သွားပြီး ပင်လယ်ကြီးကို ကျွန်ုပ် သင့်ကိုမုန်းတယ်…သင်နဲ့ကျွန်ုပ်မိတ်ဆွေမဟုတ်တော့ဘူးလို့တတွတ်တွတ်ပြောပြီး ငိုနေခဲ့တာပေါ့။ တစ်နေ့လုံး ဘာမှမစားမသောက်ပဲ အဆက်အပြတ်ငိုနေခဲ့တယ်။ အဲ့လိုနဲ့ ညသန်းခေါင်ရောက်တော့ ပင်လယ်ထဲကနေ ချောမောလှပတဲ့နတ်သားတစ်ပါး ဘွားခနဲထွက်ပေါ်လာခဲ့တယ်။ သူကတော့ အမေတို့ပူဇော်နေတဲ့ တတိယမြောက်သမုဒ္ဓရာနတ်ဘုရားဖြစ်လာမယ့်သူပေါ့"

 ပုဂ္ဂိုလ်Where stories live. Discover now