Episode - 1

21.3K 701 56
                                    


[

အပိုင်း ၁]
'တို့တွေစတွေ့ချိန်က မင်းရဲ့လက်ကြားထဲ
မီးခိုးငွေ့တွေ ရှိမနေခဲ့
တစ်ခုခုကို လောင်ကျွမ်းစေသူဟာ ကိုယ်ဖြစ်တယ်'
X

ဘဝရဲ့ ထောင့်ချိုးအကွေ့ တစ်နေရာရာမှာ တစ်ယောက်ယောက်ကတော့ ကိုယ်ထင်ထားတာထက်ပိုပြီး ကိုယ့်ကိုချစ်ခဲ့ပါလိမ့်မယ် ။ အတိအကျသတ်မှတ်လို့မရတဲ့အထဲ ချစ်ခြင်းမေတ္တာရဲ့ လမ်းတွေလည်း အသွားအပြန် ပျောက်လေ့ရှိကြတယ် မဟုတ်လား ။

ချစ်ကြောင်းကြိုက်ကြောင်း ကဗျာတွေစာတွေကို သာမန် အထက်တန်းကျောင်းသူတစ်ဦးဖြစ်တဲ့ သူမအနေနဲ့  လွယ်လွယ်ကူကူ နားလည်သဘောပေါက်ခြင်းမရှိခဲ့ ။ ဒီလိုစိတ်ခံစားချက်တွေနဲ့ အဝေးဆုံးအနေအထားမှာ အဖြူစင်ဆုံးရှင်သန်ခဲ့သည့် ပန်းလေးတစ်ပွင့်လို.. ။

စိတ်ကူးယဉ်ဆန်တဲ့ တလှပ်လှပ်သောရင်ဖိုမှုမျိုးကို မျှော်လင့်တောင့်တနေတတ်သည့် မိန်းကလေးတွေကြား သူမကတော့ ခဲတံနဲ့ပုံဆွဲစာအုပ်ပိုက်ကာ လောကကြီးရဲ့ ထောင့်တစ်နေရာ၌ ငြိမ်ငြိမ်သက်သက်လေး ပုံဆွဲရတာကို ပိုလိုချင်တပ်မက်ခဲ့သည် ။

ပျင်းစရာကြီးရယ်ပါလို့ သူများတွေသတ်မှတ်ထားတဲ့ သူမရဲ့ဘဝထဲမယ် တကယ်လည်း စိတ်ဝင်စားစရာမရှိ။ မိဘနှစ်ပါးနဲ့အကိုတစ်ဦးဖြင့် အေးချမ်းစွာနွေးထွေးသော အသိုက်မြုံလေးရှိသည် ။ သုံးနှစ်တာ သက်တမ်းရှိသော သူငယ်ချင်းကောင်း နှစ်ဦးရှိသည် ။

ဒီနောက် ဆေးလိပ်ငွေ့တွေရှိလာသည် ။ စတော်ဘယ်ရီပီကေတွေ ရှိလာခဲ့သည်။ နှလုံးသားကို တစ်စုံတစ်ဦးလက်ထဲ ထည့်ပေးလိုက်ပြီး သူလွှတ်ချလိုက်တာကြောင့် ခဏခဏကြေကွဲရသော မျက်ရည်စတွေ ဘဝထဲရှိလာခဲ့သည် ။

အရာအားလုံးဟာ မိုးရွာတဲ့အင်္ဂါနေ့က စတင်ခဲ့သည် ။

***

လေအားအနည်းငယ်အပြင် တရစပ်ကျသည့် မိုးစက်တွေ။ ကျူရှင်ရောက်လျှင်ပေးရမည့် စာအုပ်တွေတပွေ့တပိုက်နဲ့ မိုးရေထဲပြေးလွှားလို့ မဖြစ်နိုင်ပါ။ ကျောင်းအင်္ကျီအဖြူကို မိုးစိုမယ်ဆိုလျှင် အခြေအနေတွေ ပိုဆိုးကုန်လိမ့်မည် ။

PlayWhere stories live. Discover now