[အပိုင်း ၆]
'မျက်လုံးတွေမကောင်းတော့ဘူး
မင်းကို တစ်ခြားသူနဲ့တွေ့တဲ့အခါ ကိုယ်ငိုချင်တယ်'X
"ဒီနေ့အတွက် ဒီလောက်ပဲ"
သချၤာဆရာထွက်သွားပြီး အတန်းထဲမှာဆူညံသံတွေ
ပွက်လောရိုက်လာတဲ့ကြားက စာမျက်နှာလှန်တဲ့အသံက
ရောထွေးရှုပ်ပါနေခဲ့တယ် ။ အပြင်ဘက်ပြတင်းပေါက်ကို
ကြည့်မယ်ဆိုရင် ဘောလုံးကွင်းနဲ့ခုံတန်းရှည်တွေရှိပြီး
နှေးကွေးလွန်းစွာ ကောင်းကင်ကျယ်ကို ဖြတ်သန်းနေတဲ့
တိမ်ဖြူဖြူတွေရှိတယ်။ ဒါပေမယ့် ဘယ်အရာတစ်ခုကမှ
ဘေးနားမှာရှိနေတဲ့ Seung Wan ရဲ့စိတ်ကို ပျော်လာဖို့
မစွမ်းသာဘူးဖြစ်နေတယ် ။သူမ နံဘေးကိုလှည့်ကြည့်တိုင်း ပျော်နေပါတယ်လို့
တမင်ဖန်တီးထားတဲ့ မျက်လုံးထဲကအရိပ်အယောင်တွေ
ပိုင်ဆိုင်ထားတဲ့ Seung Wan ကိုမြင်ရတာ အဆင်မပြေ။
နေမကောင်းဘူးဆိုပြီး ကျောင်းတစ်ရက်ပျက်လိုက်ကာ
ပြန်တက်တဲ့နေ့ကျတော့ လူကရွှင်ရွှင်ပျပျမဖြစ်သေး ။
စကားများတတ်တဲ့ကောင်မလေးက နှုတ်ဆိတ်နေပြီး
စာထဲမှာလည်း အာရုံရှိပုံမရတာကြောင့် Moonbyul နဲ့
သူမ စိတ်ပူလာကြသည် ။"Seung Wan နေကောင်းသွားတာ သေချာရဲ့လား"
Moonbyul က Seung Wan ရဲ့နဖူးပေါ် လက်တင်ရင်း
စိတ်ပူစွာမေးပေမယ့် Seung Wan ကတော့ ပင်ပန်းတဲ့
အပြုံးတစ်ခုသာပေးပြီး ခေါင်းငြိမ့်ပြသည် ။"အိမ်မှာပြဿနာရှိလို့လား Wan
နင်မျက်နှာမကောင်းဘူး ငါတို့ကိုပြောပြလေ"သူမ စကားဆိုလိုက်တော့လည်း Seung Wan ဟာ
ဘာမှမပြောဘဲ ခေါင်းသာငြိမ့်ပြပြန်သည် ။ ဒါကြောင့်မို့
သူတို့လည်း အတင်းစကားမပြောတော့ဘဲ အဆင်ပြေမှ
စကားပြောလာပါစေဆိုပြီး နေရာပေးလိုက်တော့သည်။
Seung Wan က ဒီလိုဖြစ်ဖူးတဲ့သူ လုံး၀မဟုတ်ပါ ။
အရင်တုန်းကဆို နေမကောင်းတာတောင်မှ ရအောင်လို့
ကျောင်းတက်ပြီး နေမကောင်းတဲ့လူလို မခံစားရအောင်
လန်းလန်းဆန်းဆန်းနေပေမယ့် အခု.. ။