Episode - 9

4.4K 473 31
                                    


[အပိုင်း ၉]
'ကိုယ့်ကို ကတိပေးမှာလား ?'

X

အေးစက်တဲ့လက်ဖျားတွေနဲ့ အသံကျယ်မမြည်အောင်
စက်ဘီးလက်ကိုင်ကိုတွန်းရင်း အပေါ်ထပ်ဝရံတာကို
Seulgi လှမ်းကြည့်မိသည်။ ဘယ်သူမှရှိမနေတဲ့ သူမတို့
ဝရံတာကို မြင်လိုက်ရတော့ စိတ်အေးသွားသည့်ခံစားမှု။
ဒီခံစားမှုကို သူမ မကြိုက်။
အောက်ထပ်ကအမျိုးသမီးသည် သူမနံဘေး၌ရပ်ရင်း
သူမလုပ်သမျှ အပြုအမူတိုင်းကို အပြုံးတစ်ခုဖြင့်
စိတ်ဝင်စားသလိုကြည့်နေလေသည်။

ကိုယ်တိုင်ကသာ စိတ်မလုံမလဲတွေဖြစ်နေတာ။
သူကဖြင့်အပြုံးမပျက်။
Seulgi လေ အဲ့မိန်းမကြီးကို သိပ်မုန်းတာပဲ။
နောက်ပြီး သူပြောသလိုမျိုး လိုက်လုပ်နေမိတဲ့အတွက်
ကိုယ့်ကိုယ်လည်းမုန်းတယ်။

"တို့တွေ ဝင်းအပြင်ကိုရောက်ဦးမှာလား"

ရွဲ့သလိုမျိုး ထိုအမျိုးသမီးက Seulgi ကိုမေးလာသည်။
Seulgi သူ့ကိုမျက်စောင်းတစ်ချက်ထိုးရင်း အပေါ်ထပ်
ဝရံတာကို တစ်ခေါက်ထပ်ကြည့်လိုက်မိပြန်သည်။

အပေါ်မှာ သူမကိုစောင့်နေတဲ့ သူငယ်ချင်းနှစ်ယောက်
ရှိနေတယ်။ အမေကတော့ စိတ်နဲ့ကိုယ်ကပ်နေမယ်လို့
မထင်တဲ့အတွက် အပြင်သွားဖို့ ခွင့်မတောင်းဖြစ်တော့။
အခုနေ Seung Wan တို့ကို အိမ်မှာထားပြီး သူမက
ဒီအမျိုးသမီးနဲ့ နှစ်ယောက်တည်းခဏအပြင်သွားရင်
အဆင်ပြေနိုင်ပါ့မလား။ Seung Wan သိသွားရင်ရော
သူမကို ဘယ်လိုထင်မလဲ။

တကယ်တော့ သူမ ထွက်မသွားသင့်ဘူး ဒါပေမယ့် သူမ
ထွက်သွားချင်တယ်။

အပြစ်မကင်းတဲ့စိတ်နဲ့ ဝင်းအပြင်ကို စက်ဘီးကလေး
ထွက်လာတော့ ထိုအမျိုးသမီးက မျက်ခုံးတစ်ဖက်ကို
ပင့်ပြသည်။

"တို့ စက်ဘီးမစီးတတ်ဘူး"

မယုံနိုင်သလို သက်ပြင်းချပြီး သူမ ရှေ့ခုံကိုတက်တော့
ထိုအမျိုးသမီးက နောက်ခုံမှာခွထိုင်လိုက်သည်။
ပြဿနာတော့မရှိ။ အမွှေးပွအိမ်နေရင်းဘောင်းဘီက
ထိုအမျိုးသမီးနဲ့ လိုက်သည်။

စက်ဘီးကို ခပ်ဖြည်းဖြည်းသာနင်းထွက်လာခဲ့သည်။
နေ့လည်နှစ်နာရီဆိုတဲ့အချိန်က နေလို့သိပ်ကောင်းတာမျိုး
မဟုတ်ပေမယ့်လို့ သစ်ပင်အရိပ်တွေအောက်ကနေပဲ
သူမ စက်ဘီးနင်းလာတာကြောင့် အပူဒဏ်ကိုသိပ်မခံရ။
ထိုးခွဲခံလိုက်ရတဲ့ လေကြောင်းကလည်း နဖူးပေါ်က
သူမဆံပင်တု့ိကို ယိမ်းနွဲ့နေစေသည်။

PlayDonde viven las historias. Descúbrelo ahora