[အပိုင်း ၂၄]
သတိရတယ်ဆို ဖုန်းခေါ်ပါ။
X
"Seulgi ကျောင်းသွားတော့မလို့လား"
မီးပိတ်ထားတာ တစ်ပတ်ကျော်နေပြီဖြစ်တဲ့ အောက်ထပ်ကအိမ်ကို တစ်ချက်ကြည့်ရင်း စက်ဘီးဒေါက်ဖြုတ်ဖို့လုပ်နေတုန်း မရင်းနှီးတဲ့အသံတစ်သံကို ဝင်းအဝကနေ ကြားလိုက်ရတယ်။ Seulgi လှမ်းကြည့်တော့ ဟိုတစ်ခါကလာဖူးတဲ့ ဧည့်သည်ပဲ။ သူ့နာမည် ဘာပါလိမ့်။ Sooyoung လား Sunyoung လား သေချာမမှတ်မိ။ သူမကိုနှုတ်ဆက်တာကြောင့် ခေါင်းငုံ့ပြီး အရိုအသေပြုတော့ သူကလက်ခါတယ်။
"မလိုဘူး မလိုဘူး သက်သက်သာသာနေပါ"
"ဟုတ်"
"ဆိုတော့ ကျောင်းသွားတော့မယ်ပေါ့?"
"ဟုတ်"
သူ့ကြည့်ရတာ တစ်ခုခုပြောချင်နေသည့်ပုံပါ။ ဟိုအမျိုးသမီးကိုတွေ့ဖို့လာတဲ့ ဧည့်သည်မို့ Seulgi ကတော့ တကူးတက ဧည့်ခံစရာအကြောင်းမရှိဘူးထင်။ အဲ့နေ့ကလည်း သူ့ကိုဧည့်ခံပေးနေတာ မဟုတ်ဘဲ မ Irene ပြန်လာမှာကို စောင့်နေခဲ့တာဖြစ်သည်။ ခဏလေး စကားပြောဖြစ်ပြီး မ Irene ကို သူမဘက်ကနေ ကာပြောပေးခဲ့တာ မှန်ပေမယ့်လည်း သူက သူမ မသိတဲ့ သူစိမ်းတစ်ယောက် ဖြစ်နေသေးသည်။
"ဟို.. အိမ်မှာလူမရှိတာ တစ်ပတ်လောက်ရှိပြီ "
အောက်ထပ်ကအခန်းကို လက်နဲ့ညွှန်ပြရင်း သူသိအောင်လို့ Seulgi ပြောတော့ သူက ခေါင်းတဆတ်ဆတ်ငြိမ့်သည်။ သူမတစ်ခါထပ်ပြီး အရိုအသေပေးရင်း စက်ဘီးပေါ်တက်မယ်လုပ်တော့ သူက ထပ်တားပြန်တယ်။
"ဟို.. ခဏ "
Seugi ကိုယ့်ကိုယ်ကို ပြန်ထိန်းရင်း သူ့ကိုကြည့်လိုက်တော့ သူက နေထက်အဆတစ်ရာလောက်တောက်ပသည့် အပြုံးမျိုးနှင့် ပြုံးပြနေတာမို့ နေရခက်စွာ သူမ ပြန်ပြုံးပြလိုက်မိသည်။
"တစ်မျိုးဖြစ်နေမှာသိပေမယ့် ကျောင်းအတူတူသွားလို့ရမလား "
"ရှင်?? "
"ဟို.. "
Seulgi သူ့ကို အူကြောင်ကြောင်နဲ့ ကြည့်နေတာကို သတိထားမိတော့ သူက နေရခက်စွာ ရယ်ပြန်သည်။ ဒီတစ်ခါတော့ Seulgi လိုက်မရယ်ပါ။ သူဘာကိုပြောချင်လဲဆိုတာ သေချာမသိတာကြောင့် ကိုယ်တိုင်လည်း ဘာကိုမေးရမယ်မှန်းမသိ။