Episode - 45

4.2K 472 66
                                    

[အပိုင်း ၄၅]
ကိုယ်ဟာ ဒီရင်ခွင်ကို ဘယ်တော့မှ...

X

"Byul!! ငါ့ကိုကယ်ပါဦး!! ငါတစ်ခုခုလုပ်မှဖြစ်မယ်!! "

Video call ဖွင့်လိုက်တာနဲ့ အခန်းထဲမှာ ပြာယာခတ်နေတဲ့ Seung Wan ကို မြင်လိုက်ရလေသည်။ Moonbyul ရှိရာမြေမှာတော့ နေ့ကောင်းကင်ဟာ ထိန်ထိန်သာလို့။ အတန်းတက်နေရတာကြောင့် ပတ်ဝန်းကျင်ကလည်း အနည်းငယ်ဆူညံနေသေးသည်။

"ဘာဖြစ်တာလဲ ပြာယီးပြာယာနဲ့ "

Byul က နားကြပ်တပ်ပြီး စကားပြောနေလေသည်။ Seung Wan လက်မကိုကိုက်ကာ သူ့အားပြောပြရမလား မပြောပြရမလား မသိတော့။ Seulgi နဲ့ ပြန်အဆင်ပြေနေတယ်လို့ပဲ သံတော်ဦးတင်ထားခဲ့ပြီး အခုလိုမျိုး သူငယ်ချင်းအဆင့်ထက်ပိုတဲ့ ရယ်ရွယ်ချက်မျိုးအကြောင်း မပြောဖူး။ အတိအကျဆိုရင် မပြောရဲခြင်း။

"ငါ.. ငါလေ "

"ပြော ဒါနဲ့ Seulgi ရော "

"ဟို.. ကော်ဖီသွားဝယ်တယ် "

"သြော် ကဲပြောဘာလဲ"

ဒီတစ်ခါတော့ အမှားလည်းလုပ်ထားတာမဟုတ်ဘဲ Seung Wan ဘာလို့ရင်တုန်နေမှန်းမသိ။ နောက်ဆုံးသူမ အကြံရသွားသည်။

"ဒီလို.. ငါ့မှာသူငယ်ချင်းတစ်ယောက်ရှိတယ်ကွာ အဲ့ဒါသူ့ပြဿနာကို ကူစဉ်းစားပေးပါလား အရေးကြီးလို့ "

Moonbyul က သူမစကားကိုကြားတော့ မျက်မှောင်ကုတ်ပြီး ပြန်ကြည့်နေသေးသည်။ ပြီးတော့မှ ဆက်ပြောဖို့အတွက် ခေါင်းငြိမ့်ပြတာကြောင့် Seung Wan စကားဆက်တော့သည်။

"သူနဲ့ အတူတူနေနေတဲ့ အခန်းဖော်က သူ့ရည်းစားဟောင်းရဲ့ ရည်းစားဟောင်း.. ဆိုလိုတာက လူတစ်ယောက်တည်းရဲ့ ရည်းစားဟောင်းနှစ်ယောက် တစ်ခန်းထဲမှာ အတူတူအဆောင်ကျနေတာ နောက်ပြီးအဲ့နှစ်ယောက်ကလည်း အရင်ကသူငယ်ချင်းတွေဖြစ်ဖူးတယ်ကွာ သိလား "

စကားကို နားလည်လားမလည်လား ဆန်းစစ်ဖို့အတွက် Seung Wan သူ့ကိုကြည့်တော့ Moonbyul က နားလည်ကြောင်း ခေါင်းငြိမ့်ပြတာကြောင့် ဆက်ပြောသည်။

"အစက လူတစ်ယောက်တည်းကို တွဲဖူးတာမို့ သူတို့အချင်းချင်း မခေါ်မပြောတွေ ဖြစ်ကြပေမယ့် တဖြည်းဖြည်းနဲ့ ပြန်အဆင်ပြေသွားကြပြီး သူငယ်ချင်းပြန်ဖြစ်သွားရော... အဲ့မှာ ပြဿနာစတာပဲ "

PlayDonde viven las historias. Descúbrelo ahora