[အပိုင်း ၂၀]
တစ်ယောက်ကိုယ်တစ်ယောက် ကြာကြာမကြည့်ကြတဲ့ လူနှစ်ဦးမှာ အချင်းချင်း ပြောမထွက်တဲ့စကားတွေ ရှိနေတယ်လို့ မင်းမထင်ဘူးလား ?X
တိတ်ဆိတ်မှုက ကားထဲမှာ နေရထိုင်ရခက်စွာ အစိုးရပြီး ငိုထားတဲ့မျက်လုံးတွေက အနားယူချင်နေပြီဖြစ်ကြောင်း Seulgi ခံစားလို့ရနေသည်။ လက်ချောင်းတွေမပေါ်တဲ့ အနွေးထည်လက်ရှည်အဝါအောက်က သူမရဲ့စိတ်နှလုံး ပင်ပန်းစိတ်တစ်ဝက် မေးခွန်းတွေတစ်ဝက်နဲ့ အရှေ့ကလွဲ မျက်လုံးဟာ တခြားဘယ်နေရာမှကိုလည်း မရွေ့ရဲ။ ဒုတိယအကြိမ်မြောက် ကားစက်သပ်လိုက်သံကိုကြားပြီး သူမ ဆင်းဖို့လုပ်တော့ လက်တစ်ဖက်ကို ထိုအမျိုးသမီးက ဆွဲထားသည်။
"စကားပြောရအောင် "
နေရာမှာ ငြိမ်ငြိမ်လေးပြန်ထိုင်နေလိုက်ပြီး သူကိုင်ထားတဲ့ သူမရဲ့လက်တစ်ဖက်ကို မသိမသာရုန်းထွက်စေမိတော့ အသာတကြည် လွှတ်ပေးလေတယ်။ ထိုအမျိုးသမီးက သက်ပြင်းတစ်ချက်ချပြီး ထိုင်ခုံမှာ သက်သက်သာသာ ကျောမှီရင်း စကားစတယ်။
"ခုနက ဖြစ်သွားတာအတွက် တကယ်တောင်းပန်တယ်"
အာစေးကပ်နေသူလို သူမ ဘာစကားမှ ပြန်မပြောနိုင်ခဲ့။ ခံစားခဲ့ရတဲ့ အကြောက်တရားတစ်ခုကို အခုထိမမေ့နိုင် ။ အဲ့ခံစားချက်ကို ဘယ်လိုဖော်ပြရမလဲဆိုတာ သူမ မသိ။ သရဲတစ္ဆေကို ကြောက်တာမျိုးထက် အရိုက်ခံလိုက်ရတဲ့ ခွေးပေါက်လေးတစ်ကောင်ရဲ့ ကြောက်ရွံ့မှု ..ဟင့်အင်း... အဲ့ဒါထက်လည်း ပိုနက်နဲတယ်။ ဘယ်လိုစကားလုံးတွေနဲ့ အဲ့အကြောက်တရားကို ဖော်ပြရမလဲဆိုတာ မသိဘူး။
အနားမှာနေချင်တဲ့စိတ်ကို ရင်မှာပိုက်ပြီး အဝေးကိုပြေးဖို့ပဲ စဉ်းစားနေတဲ့ ကောင်မလေး။
"နောက်ပြီး... "
တကယ်တော့ ဒီလောက်နက်နက်နဲနဲ ခံစားတတ်ဖို့ရာ သူမအသက် တော်တော်ငယ်သေးတာ မဟုတ်ဘူးလား။ ကြောက်တယ်၊ အခုလိုတွေ မခံစားတတ်ချင်သေးဘူး။
"မင်းကိုကြောက်အောင်လုပ်မိရင် တောင်းပန်ပါတယ် တို့တကယ် မရည်ရွယ်ပါဘူး"
