Episode - 27

4.8K 491 51
                                    

[အပိုင်း ၂၇]
အဖြေ။

X

Seung Wan ကိုယ့်ကိုယ်ကို ရင့်ကျက်တယ်လို့ အမြဲတမ်း ထင်နေခဲ့သလောက် တကယ်တမ်း အသည်းကွဲတဲ့အခါ အဲ့ရင့်ကျက်ခြင်းတွေဟာ တစ်နေရာမှ အသုံးမဝင်ပါလားလို့ သိရတယ်။ မျက်ရည်တွေတိတ်အောင် လုပ်ပေးနိုင်စွမ်းမရှိဘဲ၊ ရင်ထဲကနာကျင်မှုကို သက်သာသွားအောင် မစွမ်းဆောင်ပေးနိုင်ဘဲ၊ ညမအိပ်နိုင် အစားမစားနိုင်တာကို ပုံမှန်ဖြစ်အောင်မလုပ်ပေးနိုင်တဲ့ ဒီရင့်ကျက်မှုတွေကို Seung Wan မလိုချင်တော့ပါဘူး။

သူမက အသည်းကွဲနေတဲ့ သာမန်အထက်တန်းကျောင်းသူတစ်ယောက်ပါ။ မကြေညာပေမယ့်လည်း ပုံစံကိုကြည့်ခြင်းအားဖြင့် ဒီကောင်မလေးက အသည်းဟက်တက် ကွဲနေသူပါလို့ မြင်ယုံနဲ့သိသာတဲ့အထိ ဘဝကစုတ်ပြတ်နေတယ်။ ဘယ်သူစကားလာပြောတာကိုမှ လက်မခံဘဲ၊ ဘယ်သူနဲ့မှလည်း အဆက်အဆံမလုပ်ဘဲ Seung Wan နေမိတယ်။ စက္ကန့်လက်တံရွေ့တိုင်း အော်ငိုချင်စိတ်ပဲပေါက်မိတယ်။

ဘာကခံပြင်းစရာကောင်းလဲသိလား။ Seung Wan မေးခဲ့တဲ့မေးခွန်းကို စာရေးဆရာမ ပြန်မဖြေခဲ့ဘဲ 'အိမ်ကိုဂရုစိုက်ပြန်' ဆိုတဲ့စကားတစ်ခွန်းနဲ့ အအေးဖိုးရှင်းပြီး ထွက်သွားခဲ့တာပဲ။ အဲ့လိုမျိုး လွယ်လွယ်လေး အဆုံးသတ်လိုက်တာ စက္ကူတစ်ရွက်ကို မီးရှို့လိုက်သလို၊ ပူဖောင်းလေးတစ်လုံးကို လေထဲလွှတ်လိုက်သလိုပဲ။

ကုတင်ပေါ်တင်ထားတဲ့ Luggage ကို နောက်ဆုံးတစ်ခေါက် စစ်ပြီးတဲ့နောက် ဇစ်ပိတ်လိုက်တယ်။ အခန်းထဲမှာ ပရိဘောဂတွေ ရှိနေသေးပေမယ့် သူမနဲ့ပါတ်သတ်တာ ဘာဆိုဘာမှ မကျန်နေတော့ဘူး။ တစ်ချို့က အခုရှေ့က luggage ထဲမှာ၊ တစ်ချို့ကတော့ အမှိုက်ပုံးထဲမှာ။ ညနေဆိုရင် ထွက်ရတော့မယ့် လေယာဉ်နဲ့အတူ မပြီးဆုံးလိုက်တဲ့ ဒီကအထက်တန်းကျောင်းသူဘဝကို ဒီနိုင်ငံမှာတင် ထားခဲ့လိုက်တော့မယ်။

Wan ဆုံးဖြတ်ချက်ကို တစ်ချို့လူတွေကတော့ ကလေးဆန်တယ်ထင်မှာပဲ။ မျက်နှာချင်းတောင် မဆိုင်ချင်လောက်တော့အောင် ပျက်စီးသွားတဲ့ ဆက်ဆံရေးအကြောင်းကို သူတို့မှမကြုံဖူးကြဘဲ။ အသက်ရှူလိုက်တိုင်း တစ်ယောက်တည်းမှတ်မိနေတဲ့ အမှတ်တရတွေကြား ဘယ်လိုများ ဆက်ပြီးနေသွားရမှာလဲ။ ကလေးဆန်တယ်ပဲထားပါတော့.. ။ ဒါကြောင့် ဝေးဝေးကို ပြေးချင်တာနေလိမ့်မယ်။

PlayWhere stories live. Discover now