Episode - 38

3.3K 445 74
                                    

[အပိုင်း ၃၈]

တစ်ခါတစ်လေ.. တစ်ခါတစ်လေမှာပေါ့
ဘဝထဲက ပျောက်ကွယ်သွားပေးတာကလည်း
ချစ်ခြင်းမေတ္တာပါပဲ။

X

"Hyun "

လေထဲကို တလူလူလွင့်တက်သွားသည့် မီးခိုးငွေ့တွေ။ ပြာမှုန်တစ်ချို့က မြေကြီးပေါ်သို့ လွတ်လပ်စွာကြွေကျ။

"Hyun!! "

နာမည်ခေါ်သံကြားနေရပေမယ့် လှည့်မကြည့်တဲ့သူကို ဆက်ခေါ်သင့်လား မခေါ်သင့်လား စဉ်းစားဖို့အချိန်မရဘဲ ရှေ့တည့်တည့်မှာ သွားပိတ်ရပ်လိုက်သည်။ သို့သော်လည်း သူမဆီကို အကြည့်ရောက်မလာ။ ဘယ်ကိုမှန်းမသိတဲ့ ခပ်ဝေးဝေးတစ်နေရာကို ငေးမောနေသည့်သူ့အား Seulgi လက်မောင်းကနေကိုင်ပြီး နာမည်ထပ်ခေါ်လိုက်သည်။

"HYUN!! "

အသံကျယ်ကြောင့်လော၊ လှုပ်ခါရမ်းလိုက်မှုကြောင့်လောမသိ Hyun တစ်ယောက် ဆေးလိပ်ကိုမြေကြီးပေါ်ပစ်ချကာ ဖိနပ်နဲ့ဖိပြီးမီးသတ်ရင်း သူမကိုမော့ကြည့်လာသည်။

"ဘယ်လိုဖြစ်လို့ အောက်ဆင်းလာတာလဲ "

ငိုကြီးချက်မနဲ့ အိပ်ပျော်သွားတဲ့အမေ့အလစ်ကို ဘယ်လောက်တောင်စောင့်နေခဲ့ရမှန်း ပြောပြဖို့အတွက် သူ့ဆီကိုလာခဲ့တာမဟုတ်။ လိုရင်းကိုသာ တည့်တည့်ပြောရသည်။

"ဘာတွေကြားသွားလဲလို့ မမေးတော့ဘူး ဒါပေမယ့်အဲ့စကားတွေကို မယုံဖို့ပဲပြောမယ် "

"ဘယ်လိုစကားမျိုးကိုပြောတာလဲ မင်းတို့ကိုချစ်တယ်ဆိုတာ မင်းအမေကို ဝန်ခံနေတဲ့အပိုင်းလား မိန်းမချင်းကြိုက်တာ ဘယ်လောက်ထိတောင်ရှက်ဖို့ကောင်းတယ်လို့ မင်းအမေပြောပြနေတဲ့အပိုင်းလား ဒါမှမဟုတ်ရင် တို့လိုရွံစရာမိန်းမနဲ့ အဆက်အသွယ်ဖြတ်ခိုင်းတဲ့အခါ ကြိုးစားပါ့မယ်လို့ မင်းပြန်ဖြေတဲ့အပိုင်းလား "

"Hyun ဘယ်လိုမေးလိုက်တာလဲ "

"ကြားတဲ့အတိုင်းပဲလေ ဘယ်အပိုင်းကိုမယုံစေချင်တာလဲ "

PlayDonde viven las historias. Descúbrelo ahora