Episode - 33

3.8K 418 21
                                    

[အပိုင်း ၃၃]
လိပ်ပြာလေးလိုမျိုး ဘယ်အချိန်များပျံသန်းသွားမလဲ။

X

"အသက်ကြီးတဲ့သူတွေကို မနာလိုတာရှိတယ် သူတို့က လောကကြီးမှာအရင်နေရတော့ အစားကောင်းတွေကို အရင်ကြိုစားခဲ့ရမှာပဲ "

ခေါက်ဆွဲကို ဇွန်းထဲအပြည့်ခပ်ရင်း ခေါင်းထဲဝင်လာတဲ့ အတွေးအတိုင်း Seulgi ပြောလိုက်တော့ သူမရဲ့ Hyun က ရယ်လေသည်။ တကယ်လည်း အသက်ကြီးတဲ့သူတွေကို မနာလိုစရာမကောင်းဘူးလား။ သူတို့က အသက်ငယ်တဲ့သူတွေထက် အများကြီးကျော်ဖြတ်ခဲ့ရပြီးပြီ။ အစားအသောက်ကို အကောင်းတွေမျိုးစုံကအစ ခရီးတွေသွားတာအဆုံး အခက်အခဲတွေတောင် ဖြေရှင်းနိုင်စွမ်းရှိနေကြပြီ။

အရသာရှိပြီး ဝန်ဆောင်မှုကောင်းတယ်လို့ နာမည်ကြီးတဲ့ဆိုင်ကို အွန်လိုင်းပေါ်မှာ Seulgi တွေ့ရာက သူမရဲ့ Hyun က လိုက်ကျွေးတာဖြစ်သည်။ သူ့စကားအရဆိုရင်တော့ 'အလိုလိုက်တယ်' ပေါ့။

တကယ်လည်းဆိုင်က ပျူငှါသလို အရသာလည်းရှိတာကြောင့် သူမတို့ရောက်သွားတဲ့အခါ ထိုင်ခုံနေရာတောင်မရ။ စိတ်မရှည်တော့တဲ့သူမက ပြန်တော့မယ်လုပ်နေတာကို Hyun တားထားခဲ့တာကြောင့် အခုအရမ်းအရသာရှိတဲ့ခေါက်ဆွဲကို စားဖူးတာပဲ။ တကယ်ပဲ သူမရဲ့ Hyun ကတော့ လူကြီးပီပီ သေချာစဉ်းစားတတ်တယ်။

"အသက်ငယ်တဲ့သူတွေကလည်း စိတ်လှုပ်ရှားစရာကောင်းတာတွေနဲ့ ကြုံရတာပဲ "

စားရခက်နေတာကြောင့် ဆံပင်တွေကို စုသိမ်းလိုက်တဲ့ Hyun ကို သူမ ငေးသွားတာအမှန်။ အသည်းယားဖို့ကောင်းအောင် လည်တိုင်လေးကလည်း ဖွေးသွယ်နေသေးတယ်။

"ဒါပေမယ့် လူကြီးလုပ်ရတာ ပိုကောင်းမှာသေချာတယ် "

သူဘာပဲပြောပြော ကိုယ်တိုင်က လူကြီးဖြစ်ချင်နေသူမို့ Seulgi ကို အရှုံးပေးလိုက်ပြီး ခေါင်းတခါခါနဲ့ Hyun က ရယ်နေလေသည်။ နှစ်ယောက်ထိုင်စားပွဲအသေးမှာ မျက်နှာချင်းဆိုင်ထိုင်နေကြရင်း သူ့ပန်းကန်ထဲက အသားဖတ်တစ်ချို့က သူမပန်းကန်ထဲရောက်လာတတ်ပြီး Seulgi ပြန်ထည့်ပေးဖို့လုပ်တဲ့အခါ မျက်နှာတည်ကြီးနဲ့လည်း သူကပြန်ကြည့်တတ်သေးလေရဲ့။

PlayWhere stories live. Discover now