[အပိုင်း ၄၃]
ဘုတ်ပြားပေါ်က အံစာပစ်ကစားပွဲ။X
"ရူးနေလား? Seulgi! "
နှုတ်ခမ်းတွေရဲ့အထိအတွေ့ကို ခံစားလိုက်မိမိခြင်း Seung Wan ထိတ်လန့်သွားကာ Seulgi ကိုတွန်းထုတ်လိုက်မိသည်။ အနောက်ကို အတော်လေးယိမ်းယိုင်သွားပြီးမှ Seulgi က သူမဆီကို ပြန်လျှောက်လာကာ ပခုံးတွေကို ဆုပ်ကိုင်လိုက်ပြန်သည်။
"Hyun.. ဘာလို့လဲ "
ထပ်ဆောင့်တွန်းဖို့လုပ်မိတဲ့ Seung Wan လက်တွေ ရပ်တန့်သွားကာ Seulgi ကို ဂရုစိုက်ကြည့်မိသည်။ သူကခေါင်းငုံ့ထားပေမယ့် တစ်ခုခုဖြစ်နေတာတော့ သေချာတယ်။
"ဘာလို့လဲ! ဘာလို့ထားသွားတာလဲလို့! "
သီချင်းသံက ကျယ်နေခြင်းကြောင့်သာ Seulgi အော်သံကို လူအများသတိမထားဖြစ်သည်။ သို့သော် သူ့အရှေ့တည့်တည့် နီးနီးကပ်ကပ်မှာရပ်နေတဲ့ Seung Wan တော့မပါ။
Hyun က ဘယ်သူလဲ။ စာရေးဆရာမ Irene နဲ့မတွဲဘဲ တခြားတစ်ယောက်နဲ့ တွဲခဲ့သေးတာလား။
"သူ့ကိုအခန်းပြန်ပို့လိုက်ရင်ကောင်းမယ် "
သူမတို့နှစ်ယောက်အနားကို အရပ်ခပ်မြင့်မြင့်နဲ့ မိန်းကလေးတစ်ဦးရောက်လာပြီး Seulgi ကိုကြည့်ရင်း ပြောလာလေသည်။ Seung Wan သူ့မျက်နှာကို ရင်းနှီးသလိုလိုတော့ရှိသား။ အမြဲတမ်းနီးပါး Seulgi နဲ့တွဲတွေ့နေရလို့ဖြစ်မည်။
"Seulgi အခန်းဖော် Wendy မလား သူ့သူငယ်ချင်း Krystal ပါ "
Seung Wan ခေါင်းငြိမ့်ရုံသာငြိမ့်ပြပြီး Seulgi လက်တစ်ဖက်ကို သူမပခုံးပေါ်တင်စေလိုက်သည်။ Krystal ကလည်း တွဲမလို့လုပ်ပေမယ့် တစ်မျိုးကြီးဖြစ်နေတာကြောင့်..
"ငါပဲသူ့ကိုတွဲလိုက်မယ် လမ်းလေးသာတစ်ချက်လောက် ရှင်းပေးပါလား "
Krystal ကြည့်ရတာလည်း အတန်အသင့်သောက်ထားသလိုပင်။ သူမစကားကိုလက်ခံပြီး Seulgi ကို ဘေးကထိန်းရုံသာထိန်းကာ လူအုပ်ကြားကနေ တိုးထွက်ဖို့အတွက် လမ်းရှာပေးလေသည်။
"ကားငှါးပြီးပဲ ပြန်ခေါ်သွားလိုက်တော့မယ် ကူညီပေးလို့ကျေးဇူးပါပဲ Krystal "